ရှမ်းပြည်နယ်မြောက်ပိုင်း ကျောက်မဲမြို့ အိုရီယမ်တယ်တိုလ်းဂိတ်တွင် ကျောက်စိမ်း ၂၄၄ တုံး တရားမ င်သယ်ဆောင်လာသူ ယာဉ်မောင်းကို သက်ဆိုင်ရာက အောက်တိုဘာ ၉ ရက်နေ့ တွင်ဖမ်းဆီးခဲ့ ကြောင်း သိရသည်။
အဆိုပါနေ့ နံနက် ၇ နာရီခွဲ ခန့်ကကျောက်မဲမြို့ အိုရီယမ်တယ်ဟိုင်းဝေး တိုလ်းဂိတ်တွင် မူဆယ်မြို့အထက်တုံခံရွာနေ တိုးနန္ဒအောင်(ခ) အီတိုး (၂၃ နှစ်)မောင်းနှင်သည့် ဖူဆိုအမျိုး စား ၁၂ ဘီးယာဉ်ပေါ်တွင် တရားမဝင် ကျောက်စိမ်းတုံးများတင်ဆောင် လာကြောင်းသတင်းအရ သက်ဆိုင်ရာ ပူးပေါင်းအဖွဲ့ဝင်များက မော်တော်ယာဉ်ကို စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်နောက်ကုန်တင်ခန်းတွင် အံဝှက်ပြုလုပ်၍ ကျောက်စိမ်းတုံးအရွယ်စုံ ၂၄၄ တုံး ကို ကတ်ထူစက္ကူများဖုံးအုပ် သယ်ဆောင်လာကြောင်း စစ်ဆေးတွေ့ရှိသဖြင့် အရေးယူပေးရန် တိုင်ကြားခဲ့သည်။
ကျောက်မဲမြို့မရဲစခန်းက ကျောက်စိမ်းတုံးများတရားမဝင်သယ်ဆောင်လာသူ ယာဉ်မောင်း တိုးနန္ဒ အောင်(ခ) အီတိုးကို ကျောက်မျက်ဥပဒေပုဒ်မ ၄၂ (က) အရ အမှုဖွင့်အရေးယူထားကြောင်း သိရသည်။

















