အင်ဒိုနီးရှားနိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့် ၂၀၁၈ အာရှမသန်စွမ်းအားကစားပြိုင်ပွဲတွင် မြန်မာနိုင်ငံမသန်စွမ်းအားကစားအဖွဲ့က ငွေတံဆိပ်ဆုထပ်မံဆွတ်ခူးနိုင်ခဲ့ကြောင်း သိရသည်။
ရယူထားနိုင်
အောက်တိုဘာ ၈ရက်ကယှဉ်ပြိုင်ခဲ့သည့် ပွဲစဉ်များအနက် မြန်မာမသန်စွမ်းရေကူးအဖွဲ့မှ ကျော်ထူးသည် ပက်လက်ကူးပြိုင်ပွဲတွင် ငွေတံဆိပ်ဆုရရှိခဲ့သည်။ ထို့ပြင် မြန်မာမသန်စွမ်းရေကူးအဖွဲ့မှ အောင်ငြိမ်းဦးမှာလည်း ဖားကူးပြိုင်ပွဲတွင် ကြေးတံဆိပ်ဆွတ်ခူးရရှိခဲ့သည်။ မြန်မာနိုင်ငံအတွက် ပထမဆုံးဆုတံဆိပ်ကို ရေကူးအားကစားနည်းမှ ရယူပေးခဲ့ပြီး အလွတ်တန်းမီတာ (၁၀ဝ) ရေကူးပြိုင်ပွဲတွင် အောင်မြင့်မြတ်က ငွေတံဆိပ်ဆု စတင်ရရှိခဲ့သည်။ ထို့ကြောင့် မြန်မာမသန်စွမ်းအဖွဲ့သည် အောက်တိုဘာ ၈ရက်နေ့အပြီးတွင် ငွေတံဆိပ်နှစ်ခုနှင့်ကြေးတံဆိပ်တစ်ခု ရယူထားနိုင်ပြီဖြစ်သည်။
မြန်မာမသန်စွမ်းအားကစားအဖွဲ့သည် အားကစားနည်း(၄) မျိုးဖြင့် ဝင်ရောက်ယှဉ်ပြိုင်နေပြီး ပြိုင်ပွဲကို အောက်တိုဘာ၆ရက်မှ ၁၃ရက်အထိ ကျင်းပမည်ဖြစ်သည်။















