နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မဲခေါင်ဒေသ<br> ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ကစားသမားများအား တွေ့ဆုံနုတ်ဆက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် မဲခေါင်ဒေသ<br> ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့် ကစားသမားများအား တွေ့ဆုံနုတ်ဆက်

ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပခဲ့သည့် Mekong -Japan Summit Ceremony အခမ်းအနားတက်ရောက်လျက်ရှိသည့် ပြည်ထောင်စု မြန်မာနိုင်ငံတော်အစိုးရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် မဲခေါင်ဒေသ အာဆီယံ ဝန်ကြီးချုပ်များသည် မဲခေါင်ဒေသတွင်း နိုင်ငံများဖြစ်သည့်  မြန်မာ၊ ထိုင်း၊ လာအို၊ ကမ္ဘောဒီးယား၊ ဗီယက်နမ်တို့မှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများနှင့်တာဝန်ရှိသူများ၊ ယူ-၁၇ အသင်းခေါင်းဆောင်တို့အား တိုကျိုမြို့ Akasaka Palace ဟိုတယ်၌ ရင်းနှီးစွာ တွေ့ဆုံ နှုတ်ဆက်ခဲ့ကြကြောင်း သိရသည်။

ဂုဏ်ယူဝမ်းမြောက်

အဆိုပါ အခမ်းအနားတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ဂျပန်နှင့် မဲခေါင် ဒေသတွင်းနိုင်ငံများ ပိုမိုချစ်ကြည်ရင်းနှီးမှု ရရှိစေရန်အတွက် ယခုကဲ့သို့ ဘောလုံး အားကစားဖြင့် ဆက်ဆံပူးပေါင်းဆောင်ရွက်ခြင်းမှာ များစွာ အကျိုးရှိပါကြောင်း၊ ဂျပန်-မဲခေါင် ယူ-၁၇ ပြိုင်ပွဲကဲ့သို့ ဖိတ်ခေါ်ပြိုင်ပွဲများဖြင့် ဒေသတွင်းနိုင်ငံများ ပိုမိုချစ်ကြည်ရင်းနှီးမှု ရရှိသည့်အတွက် များစွာဂုဏ်ယူဝမ်းမြောက်ပါကြောင်း၊ မဲခေါင်ဒေသတွင်း ဘောလုံးအားကစား အဆင့်အတန်းလည်း ပိုမိုမြင့်မားလာစေရန် ဆန္ဒပြုပါကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

အပြန်အလှန်လဲလှယ်

အခမ်းအနားအပြီးတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံ ဝန်ကြီးချုပ် ရှင်ဇိုအာဘေးနှင့် မဲခေါင်ဒေသ အာဆီယံ ဝန်ကြီးချုပ်များသည် ဘောလုံးအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးဇော်ဇော်၊ မြန်မာ ယူ-၁၇ အသင်းခေါင်းဆောင် နောင်နောင်စိုးနှင့် ဂျပန်-မဲခေါင် ယူ-၁၇ ဖိတ်ခေါ်ပြိုင်ပွဲဝင် အသင်းများမှ အသင်းခေါင်းဆောင်များ၊ မဲခေါင်ဒေသနိုင်ငံများမှ ဘောလုံးအဖွဲ့ချုပ် ဥက္ကဋ္ဌများ၊ အဖွဲ့ဝင်များနှင့် အမှတ်တရ ဓာတ်ပုံရိုက်ကူးခဲ့ကာ လက်ဆောင်ပစ္စည်းများ အပြန်အလှန် လဲလှယ်ခဲ့ကြသည်။

jမြန်မာယူ-၁ရအသင်းသည် ဂျပန်နိုင်ငံက အိမ်ရှင်အဖြစ်လက်ခံကျင်းပနေသည့်  JENESYS 2018 Japan-Mekong ယူ-၁၇ ဘောလုံးပြိုင်ပွဲအား ယှဉ်ပြိုင်ခဲ့ရာ အဆင့် ၅နေရာရရှိခဲ့သည်။



ဖတ်ရှုမှုအများဆုံး