ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သူများ ရွေးကောက်ပွဲ နည်းဥပဒေကို ဖောက်ဖျက်ပါက တစ်နှစ်ထက် မပိုသော ထောင်ဒဏ်နှင့် ကျပ်တစ်သိန်းထက် မပိုသော ငွေဒဏ်ပါဝင်သည့် ဥပဒေကြမ်းကို အောက်တိုဘာ ၈ ရက်က ကျင်းပသည့် ဒုတိယ အကြိမ် ရန်ကုန်တိုင်းလွှတ်တော်အစည်းအဝေး တွင် ရန်ကုန်တိုင်းဥပဒေကြမ်း ကော်မတီအဖွဲ့ဝင် တွံတေးမြို့နယ် မဲဆန္ဒနယ်အမှတ် (၂)လွှတ်တော် ကိုယ်စားလှယ် ဦးနေနိုင်ဦးက တင်သွင်းခဲ့ သည်။
တင်သွင်းခဲ့
၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ (့ဃီဃ) ဥပဒေပုဒ်မ ၃၂၄ ၏ နောက်တွင် ပုဒ်မ ၃၂၄ -က ပုဒ်မခွဲ တစ်ခုအဖြစ် ့ဃီဃ အဆင့်ဆင့် ရွေးကောက် တင်မြှောက်ခြင်းဆိုင်ရာ နည်းဥပဒေကို ဖောက် ဖျက်ကျူးလွန်ကြောင်း ပြစ်မှုထင်ရှားစီရင် ခြင်းခံရလျှင် တစ်နှစ်ထက်မပိုသော ထောင် ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသော ငွေ ဒဏ်ဖြစ်စေ ဒဏ်နှစ်ရပ်စလုံးဖြစ်စေ ချမှတ်ရ မည်ဟု တိုင်းဥပဒေကြမ်းကော်မတီက ထည့် သွင်းရန် တင်သွင်းခဲ့သည်။
အခက်အခဲဖြစ်
၂၀၁၈ ခုနှစ် ရန်ကုန်မြို့တော်စည်ပင် သာယာရေးကော်မတီ (့ဃီဃ) ဥပဒေတွင် ပါဝင်သည့် ပုဒ်မအချို့သည် စည်ပင်ရွေးကောက် ပွဲကျင်းပရန် အခက်အခဲဖြစ်ပေါ်စေနိုင်သည့် အတွက် ယင်းဥပဒေအား ပြင်ဆင်ရန် ရန်ကုန် မြို့တော် စည်ပင်သာယာရေးဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းအား အောက်တိုဘာ ၅ ရက်က ပြုလုပ်သည့် ဒုတိယအကြိမ် ရန်ကုန်တိုင်း ဒေသကြီး လွှတ်တော်အစည်းအဝေးတွင် သင်္ဃန်းကျွန်းမြို့နယ် မဲဆန္ဒနယ် အမှတ် (၁) လွှတ်တော်ကိုယ်စားလှယ် ဦးနေဘုန်းလတ်က တင်သွင်းခဲ့ခြင်းဖြစ်သည်။
















