တာချီလိတ်မြို့တွင် စိတ်ကြွဆေးပြား သိန်း ၂၄၂၀ ဖိုးခန့် သက်ဆိုင်ရာက အောက်တိုဘာလ ၉ ရက်နေ့က ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
အဆိုပါနေ့ ၉ နာရီခွဲ အချိန်တွင် တာချီလိတ်မြို့ ဝမ်ကောင်းရပ်ကွက်၊ ဂေါက်ကွင်း လမ်းဆုံ တာချီလိတ်မြို့တွင်းမှ ရီဂျီးနားဂေါက် ကွင်းဘက်သို့ မောင်းနှင်လာသော ယာဉ်အမှတ် TOYOTA VIGO မော်တော်ယာဉ်ကို မူးယစ်တပ်ဖွဲ့စု(၃၀)နှင့်ပူပေါင်းတပ်ဖွဲ့ ဝင်များက မူးယစ်သတင်း အရတား ဆီးစဉ်မောင်းနှင်ထွက်ပြေးသွားခဲ့သဖြင့် လိုက်လံဖမ်းဆီးခဲ့သည်။
အဆိုပါယာဉ်ကို တာချီလိတ်နောက်ဘက် တောင်စောင်းတွင် ရပ်ခဲ့ပြီး ယာဉ်ပေါ်မှ အမျိုးသား ၂ ဦး၊ အမျိုးသမီး ၂ ဦးတို့ဆင်း၍ ထွက်ပြေးသွားခဲ့သည်။ယာဉ်ပေါ်တွင် တွေ့ရှိရသည့် ကျောပိုးအိတ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား ၂၄၂၀ဝ၀ ပြား သိန်း၂၄၂၀ ဖိုးခန့်နှင့် လက်ကိုင်တယ်လီဖုန်း ၂ လုံးတွေ့ရှိ သိမ်းဆည်းရမိခဲ့သည်။
တာချီလိတ်မြို့မရဲစခန်းက မယ(ပ)၉၅/၂၀၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၁ အရ အမှုဖွင့် အရေးယူထားသည်။

















