မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေသူ ၆ ဦးကို ဖမ်းဆီး

မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေသူ ၆ ဦးကို ဖမ်းဆီး

ဒေါပုံမြို့နယ်တွင် မူးယစ်ဆေးဝါးသုံးစွဲရောင်းချနေသူ ၆ ဦးကို အရှေ့ပိုင်းခရိုင်ရဲတပ်ဖွဲ့က အောက်တိုဘာ ၉ ရက်နေ့က ဖမ်းဆီးအရေးယူခဲ့ကြောင်း သိရသည်။

အဆိုပါနေ့ နံနက် ၆ နာရီ အချိန်ခန့်တွင် ဒေါပုံမြို့နယ် ဗိုလ်ထွန်းဇံရပ်ကွက် ဗိုလ်ဆွန်ပက်လမ်းနေ ထွန်းထွန်းနိုင် (၂၇)နှစ်၏ နေအိမ်တွင် မူးယစ်သတင်းအရ သက်ဆိုင်ရာက ဝင်ရောက်ဖမ်းဆီးခဲ့သည်။

အဆိုပါနေအိမ်တွင် ထွန်းထွန်းနိုင်၊ ၎င်း၏ဇနီး မနုယဉ်ထွေး (ခ) နိ်ုးနိုး (ခ)အာနိုး (၂၀)နှစ်၊ ၎င်းတို့နှင့်တစ်ရပ်ကွက်တည်းနေဇင်မျိုးကျော် (၂၀)နှစ်၊ မျိုးသန္တာဖြိုး(ခ)ဖြိုးဖြိုး(၂၃)နှစ်နှင့် သာကေတမြို့နယ်၊ စက်မှုလက်မှုရပ်ကွက်နေသူရဦး(၂၀)နှစ်တို့(၅)ဦးအား WYစာတန်းပါပန်းရောင်နှင့်အစိမ်းရောင်စိတ်ကြွရူးသွပ်ဆေး ပြား(၄၇၃)ပြား၊မူးယစ်ဆေးဝါးရောင်းချရရှိသည့် ငွေစက္ကူရောရာ(၃၁၈၀ဝ၀)ကျပ်၊ လက်ကိုင်ဖုန်း(၁)လုံး၊ မူးယစ်ဆေးဝါးသုံးစွဲရာတွင် အသုံးပြုသည့် ဆက်စပ်ပစ္စည်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။ 

၄င်းတို့ကို စစ်ဆေးချက်အရ အဆိုပါပစ္စည်းများကို ဗိုလ်ထွန်းဇံရပ်ကွက်၊ ဗိုလ်ဆွန်ပက်လမ်းနေ အောင်မြိုင် (ခ) ကရင်ထံမှ ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်းပေါ်ပေါက်၍ ထွန်းထွန်းနိုင်ပါ(၆)ဦးကို ဒေါပုံမြို့မရဲစခန်းက မယ(ပ)၄၂/၁၈၊ မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(က)/၂၁ အရ အမှုဖွင့် အရေးယူထားသည်။