မောင်တောမြို့နယ်တွင်​ စိတ်ကြွဆေးပြား ကျပ်​ ၁၁၆ သိန်​း​ကျော်​ဖိုး သိမ်းဆည်းရမိ

မောင်တောမြို့နယ်တွင်​ စိတ်ကြွဆေးပြား ကျပ်​ ၁၁၆ သိန်​း​ကျော်​ဖိုး သိမ်းဆည်းရမိ

မောင်တောမြို့နယ်မြောက်ခြမ်းနယ်မြေ(၃) ကျွန်​း​တောင်ရွာသစ်(လူမနေ)ကျေးရွာအနီးလယ်ကွင်းထဲ၌မသင်္ကာဖွယ်​​တွေရှိသူ ၃ ဦးထံမှကျပ်​ ၁၁၆ သိန်​း​ကျော်​တန်​ဖိုးရှိစိတ်​ကြွ​ဆေးပြားများကိုလုံခြုံရေးတပ်ဖွဲ့ဝင်များက အောက်တိုဘာလ ၁၀ ရက် ​က သိမ်းဆည်းရမိခဲ့သည်​။

အဆိုပါ​နေ့ မွန်​းလွဲ ၃ နာရီအချိန်​ခန်​့တွင် မောင်တောမြို့နယ်မြောက်ခြမ်းနယ်မြေ(၃)အတွင်း လုံခြုံရေးတပ်ဖွဲ့ဝင်များနယ်မြေလုံခြုံရေးနှင့် တရားဥပဒေစိုးမိုးရေးလှည့်ကင်းဆောင်ရွက်စဉ် ကျွန်းတောင်ရွာသစ်(လူမနေ)ကျေးရွာအနီးလယ်ကွင်းထဲ၌ ဘိုက်ဘူလာ(၁၉)နှစ်၊(ဖ)ဆူလ်တါန်အာမတ်၊ ရပ်ကွက်(၁)၊ တောင်ပြိုလက်ဝဲမြို့နေသူပါ အမျိုးသား ၃ ဦးအားမသင်္ကာဖွယ်တွေ့ရှိသဖြင့် စစ်ဆေးရာ၎င်းတို့ကိုင်ဆောင်လာသည့် အက်စစ်ပုံးခွံအတွင်းမှ WY/R စာတမ်းပါ စိတ်ကြွဆေးပြား ၅၈၁၈၅ ပြား(၁ ပြားလျှင် ၂၀၀၀ ကျပ်နှုန်းဖြင့် ၁၁၆၃၇၀၀၀၀ ကျပ်ခန့်)အားသိမ်းဆည်းရမိခဲ့သည်​။

 ​တောင်ပြို(ယာ)နယ်မြေရဲစခန်းမူးယစ်(ပ)၅/၁၈၊  မူးယစ်ဥပဒေပုဒ်မ ၁၉(က)/၂၁ ဖြင့် အမှုဖွင့် အရေးယူထားသည်​။