ပုသိမ်​မြို့တွင်​ကျပ်​ ၂၈သိန်​း​ကျော်​ဖိုး မီးရှုးမီးပန်​း​ဗျောက်​အိုးများ သိမ်းဆည်းရမိ

ပုသိမ်​မြို့တွင်​ကျပ်​ ၂၈သိန်​း​ကျော်​ဖိုး မီးရှုးမီးပန်​း​ဗျောက်​အိုးများ သိမ်းဆည်းရမိ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် ဗျောက်အိုး၊ မီးရူးမီးပန်းနှင့် ရူးဒိုင်းများကို လက်ကားရောင်းချနေသော ဒိုင် ကို သက်​ဆိုင်​ရာက အောက်တိုဘာ ၁၀ ရက်​နေ့တွင်​ သတင်​းအရဝင်​​ရောက်​ဖမ်​းဆီးခဲ့သည်​။

အဆိုပါ​နေ့ ည ၇ နာရီခွဲအချိန်​ခန်​့တွင်​ ပုသိမ်မြို့ အမှတ် ၄ ရပ်ကွက် မင်းကြီးလမ်းနှင့် စျေးချောင်းလမ်းထောင့်ရှိ နေပြည်တော်မှန်ဆိုင်တွင်​ ​ဗျောက်​အိုးမီးရှုးမီးပန်​းများ​ရောင်​းချရန်​သို​လှောင်​ထား​ကြောင်​းသတင်​းအရသက်​ဆိုင်​ရာက ဝင်ရောက်စစ်ဆေးခဲ့သည်​။

 အဆိုပါဆိုင်​အတွင်​းလက်ကားရောင်းချရန်သိမ်းဆည်းထားသော  ဗျောက်အိုး၊ မီးရူးမိီးပန်း၊ ရူးဒိုင်းများမှာ ပစ္စည်းစုံ ၁၉ မျိုး၊ အရေအတွက် ၁၀၀၀ ကျော်ခန့်ရှိပြီး ကာလတန်ဖိုး ၂,၈၈၈,၅၀၀ (နှစ်ဆယ့်ရှစ်သိန်း ရှစ်သောင်း ရှစ်ထောင့်ငါးရာ) ခန်​့ကိုသိမ်​းဆည်​းရမိခဲ့​သည်​။

 ပုသိမ်နယ်မြေစခန်းက (ပ) ၄၄၉/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၂၈၆ ဖြင့် အမှုဖွင့်အ​ရေးယူထားသည်​။