အကျင့်ပျက်ခြစားမှုသတင်း ဖော်ပြပြီးနောက် ဘူလ်ဂေးရီးယားသတင်းထောက် အသတ်ခံရ

အကျင့်ပျက်ခြစားမှုသတင်း ဖော်ပြပြီးနောက် ဘူလ်ဂေးရီးယားသတင်းထောက် အသတ်ခံရ

ဘူခါရက်စ်  (ရိုမေးနီးယား)- ” ဘူလ်ဂေးရီးယားနိုင်ငံရှိ ဥရောပသမဂ္ဂရန်ပုံငွေများ အလွဲသုံးစား အလုပ်ခံရဖွယ်ရှိသည်ဟု အမျိုးသမီးရုပ်မြင်သံကြား သတင်းထောက်တစ်ဦးက သတင်းဖော်ပြခဲ့ပြီးနောက် ဒင်ညုမြစ်အနီးတွင် ၎င်း၏ရုပ်အလောင်းကို ပစ်ထားခဲ့ရာ မုဒိမ်းကျင့်ပြီး အသတ်ခံရမှုကို ဘူလ်ဂေးရီးယားရဲများက စုံစမ်းစစ်ဆေးနေဆဲဖြစ်သည်။ 

အသက် ၃၀ အရွယ် ဗစ်တိုးရီးယားမာရီနိုဗာ၏ ရုပ်အလောင်းကို အောက်တိုဘာ ၆ ရက်က ရိုမေးနီးယားနယ်စပ်အနီး ရူဆေးမြို့မြောက်ပိုင်းတွင် အာဏာပိုင်များက ရှာဖွေတွေ့ရှိခဲ့ခြင်းဖြစ်သည်။ ၎င်းသည်  ရိုက်နှက် မုဒိမ်းကျင့်ခံရပြီး လည်မျိုညှစ်သတ်ခံခဲ့ရသည်။ထို့နောက်သူ၏ ရုပ်အလောင်းကို ဒင်ညုမြစ်အနီး ပန်းခြံတစ်ခြံတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ရဲကဆိုသည်။    မာရီနိုဗာသည် ရူဆေးမြို့ရှိ ရုပ်မြင်သံကြားအသံလွှင့်ဌာနငယ်တစ်ခုဖြစ်သော တီဗီအန်၏ ဒါရိုက်တာတစ်ဦးဖြစ်ကာ စုံစမ်းလေ့လာ ဖော်ထုတ်တင်ဆက်သော သတင်းအစီအစဉ်နှစ်ခုအတွက် ရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူတစ်ဦးလည်းဖြစ်သည်။

သတင်းထောက်များအဖွဲ့အစည်းနှင့် နိုင်ငံခြားသားအရာရှိများက အဆိုပါ သတ်ဖြတ်ခံရမှုကို ထိတ်လန့်တုန်လှုပ်ကြောင်းပြောကြားခဲ့သည်။ ဥရောပရှိ လုံခြုံရေးနှင့်ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ အဖွဲ့အစည်းအတွက် သတင်းလွတ်လပ်ခွင့် ကိုယ်စားလှယ် ဟာလမ်းဒီဆာက မာရီနိုဗာ သတ်ဖြတ်ခံရမှုကို အပြည့်အစုံနှင့် သေသေချာချာ စုံစမ်းစစ်ဆေးပေးရန် တောင်းဆိုခဲ့သည်။

ဘူလ်ဂေးရီးယားပြည်ထဲရေးဝန်ကြီး မလာဒန်မာရီနော့ဗ်က အဆိုပါသတ်ဖြတ်ခံရမှုသည် မာရီနိုဗာ၏ အလုပ်ကြောင့် အသတ်ခံရသည်ဆိုသည့် အထောက်အထားမရှိကြောင်း အောက်တိုဘာ ၈ ရက်က ခိုင်ခိုင်မာမာပြောကြားခဲ့သည်။

ဘူလ်ဂေးရီးယားလူမျိုးရာပေါင်းများစွာသည် မာရီနိုဗာကို ဂုဏ်ပြုဆုတောင်းမေတ္တာပို့သရန် အောက်တိုဘာ ၈ ရက်ညက အပြင်သို့ထွက်လာကြသည်။ ရူဆေးမြို့တွင် ဝမ်းနည်း ပူဆွေးနေကြသူများက မာရီနိုဗာ၏အမှတ်တရမော်ကွန်းတိုင်အောက်ခြေတွင် ၎င်း၏ဓာတ်ပုံနှင့် နှင်းဆီပန်းများ၊ ဖယောင်းတိုင်များ ထွန်းညှိခဲ့ကြသည်။

ဘူလ်ဂေးရီးယားနိုင်ငံမြို့တော် ဆိုဖီယာ၌ ဝမ်းနည်းပူဆွေးသူများသည် ဘုရားရှိခိုးကျောင်း တစ်ကျောင်းအပြင်တွင် စုဝေးခဲ့ကြသည်။ အဆိုပါလူများထဲက တစ်ဦးဖြစ်သူ ခရစ္စတီးနား ပတ်ကော့ဗ်က ဘူလ်ဂေးရီးယားလူမျိုးများသည် ယခုအခါ အာဏာပိုင်များကို လုံးဝယုံကြည်မှု မရှိကြောင်း ပြောကြားခဲ့သည်။

၂၀ဝ၇ ခုနှစ်က ဥရောပသမဂ္ဂသို့ ဝင်ရောက်ခဲ့သည့် ဘူလ်ဂေးရီးယားနိုင်ငံတွင် အကျင့်ခြစားမှုကို တွေ့ရလေ့ရှိပြီး ွှမညျေစမေနညခပ ှုညအနမညအေငသညေူ ၏ အကျင့်ပျက် ခြစားမှုစာရင်းတွင် ဘူလ်ဂေးရီးယားနိုင်ငံသည် ၂၀၁၇ခုနှစ်က အဆင့် ၇၁ ဖြစ်သည်။ 

ဥရောပသမဂ္ဂသို့ဝင်ရောက်ခြင်းဖြင့် ဘူလ်ဂေးရီယားအခြေခံအဆောက်အအုံ စီမံကိန်းများအတွက်လည်းကောင်း၊ ဥရောပသမဂ္ဂအဆင့်အတန်းဖြင့် ဘူလ်ဂေးရီးယားကို တိုးတက်စေရန် ရည်ရွယ်ထားသည့် အခြားအစီအစဉ်များသို့ ရန်ပုံငွေသစ်များ အများအပြားဝင်လာရန်လည်းကောင်း လမ်းပွင့်သွားခဲ့သည်။ 

ဂျာမနီအစိုးရကလည်း အဆိုပါ သတ်ဖြတ်ခံရမှုကို ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကာ နိုင်ငံခြားရေးဝန်ကြီးဌာနက ထိုကြောက်မက်ဖွယ် အဖြစ်အပျက်ကို အလျင်အမြန်စုံစမ်းဖော်ထုတ်ရန် အရေးကြီးကြောင်းပြောကြားသည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမ·းချုပ် အန်တိုနီယိုဂူတာရပ်စ်သည် သတင်းထောက်များ အထူးသဖြင့် အမျိုးသမီးသတင်းထောက်များအပေါ် အကြမ်းဖက်မှုများကို အထူးဂရုပြု စောင့်ကြည့်နေကြောင်းနှင့်  စိုးရိမ်ပူပန်မှုမြင့်တက်လာကြောင်း ပြောရေးဆိုခွင့်ရပုဂ္ဂိုလ် စတီဖင်ဒူဂျာရစ်က ပြောသည်။ 

ဂူတာရပ်စ်သည် သတင်းထောက်များ အသတ်ခံရသည့် ပြဿနာရပ်ကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံများနှင့် ဖော်ထုတ်ဆွေးနွေးမည်ဖြစ်သည်ဟု ဒူဂျာရစ်က ပြောကြားလိုက်သည်။