ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်သစ် အောက်တိုဘာလတွင် ရွေးချယ်ခန့်အပ်မည်ဟု သမ္မတထရမ့် ပြောကြား

ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်သစ် အောက်တိုဘာလတွင် ရွေးချယ်ခန့်အပ်မည်ဟု သမ္မတထရမ့် ပြောကြား

၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲဝင်ရန် အစီအစဉ်မရှိဘဲ အမေရိကန်သမ္မတ ထရမ့်အတွက် မဲဆွယ်စည်းရုံးပေးမည်

၀ါရှင်တန် ” အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်၏မတည်မငြိမ် ပြောင်းလဲမှုများရှိနေသော အစိုးရအဖွဲ့တွင် နောက်ဆုံး အပြောင်းအလဲတစ်ခုမှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ် နစ်ကီဟေလီက ၂၀၁၈ ခုနှစ်ကုန်၌ ရာထူးက နုတ်ထွက်မည်ဖြစ်ကြောင်း တင်ပြခဲ့ခြင်းဖြစ်သည်။သူရာထူးက နုတ်ထွက်ခြင်းကြောင့် အရေးပါသောအမျိုးသားလုံခြုံရေးဆိုင်ရာ ရာထူးနေရာကို မည်သူ့ကိုတာဝန်ပေးမည်ဆိုခြင်းနှင့် ပွင့်ပွင့်လင်းလင်းပြောတတ်သော နစ်ကီဟေလီ၏ ကိုယ်ပိုင် နိုင်ငံရေးရည်မှန်းချက်နှင့် စပ်လျဉ်း၍ အများက မေးခွန်းထုတ်ခဲ့ကြသည်။ 

နစ်ကီဟေလီ၏ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ရာထူးတွင် အစားထိုး တာဝန်ထမ်းဆောင်ရန် ကိုယ်စားလှယ်လောင်း ငါးဦးရွေးချယ်ထားပြီး အမေရိကန်သံအမတ်အသစ် ခန့်အပ်မှုကို နှစ်ပတ်၊ သို့မဟုတ် သုံးပတ်အတွင်း ထုတ်ပြန်မည်ဟု အမေရိကန်သမ္မတ ထရမ့်က သတင်းထောက်များကို ပြောကြားခဲ့သည်။ 

အမေရိကန်သံအမတ်အသစ် ရာထူးနေရာအတွက် ထည့်သွင်းစဉ်းစားထားသော ကိုယ်စားလှယ်လောင်းများတွင် အမျိုးသားလုံခြုံရေးအကြံပေး ဒုတိယအရာရှိဟောင်း ဒိုင်နာပေါဝဲလ် ပါဝင်သည်ဟု ထရမ့်က ပြောကြားခဲ့သည်။ 

ကယ်ရိုလိုင်းနား တောင်ပိုင်း ပြည်နယ်၏ ပထမဦးဆုံး အမျိုးသမီး အုပ်ချုပ်ရေးမ·းဖြစ်သော ဟေလီသည် ထရမ့်အစိုးရအဖွဲ့အစည်းတွင် ခန့်မှန်းရခက်ပြီး သီးခြားရပ်တည်နိုင်စွမ်းရှိသော အမျိုးသမီးတစ်ဦးဖြစ်သည်။ တစ်ခါတစ်ရံ သမ္မတထရမ့်ကြောင့် ဖြစ်ပေါ်သော ကမ္ဘာ့ဖြစ်ရပ်များတွင် သိသိသာသာ ကွဲပြားခြားနားသော အမြင်များကို နစ်ကီဟေလီက အကြံပေးကမ်းလှမ်းခဲ့သည်။ အိမ်ဖြူတော်ရှိ အမေရိကန်သမ္မတ၏ ရုံးခန်း၌ ပြုလုပ်ခဲ့သော အစည်းအဝေးတွင် နစ်ကီဟေလီက ရာထူးက နုတ်ထွက်ရန် ဆုံးဖြတ်ခဲ့သည်။ 

ထရမ့်ကို ဆက်လက် ထောက်ခံအားပေးကြောင်း ပေါ်လွင်စေလိုသော်လည်း ၎င်း၏ ကိုယ်ပိုင် နိုင်ငံရေးအလားအလာကို တင်ပြခဲ့သည်။  ၂၀၂၀ ပြည့်နှစ် သမ္မတ ရွေးကောက်ပွဲဝင်ရန် အစီအစဉ်မရှိဘဲ အမေရိကန်သမ္မတ ထရမ့်အတွက် မဲဆွယ်စည်းရုံးရေးဆင်းပေးမည်ဟု နစ်ကီဟေလီက သတင်းထောက်များကို ပြောကြားခဲ့သည်။ 

ပုဂ္ဂိုလ်ရေးအရ ချမ်းသြွာကယ်ဝခြင်းမရှိသည့် အသက် ၄၆ နှစ်ရှိ ဟေလီက ထရမ့်ကို တင်ပြခဲ့သော နုတ်ထွက်စာ တွင် ၎င်းသည် ပုဂ္ဂလိကကဏ္ဍကို ရှေးရှု ဆောင်ရွက်မည်ဖြစ်ကြောင်း အရိပ်အြွမက် ပြောကြားခဲ့သည်။နစ်ကီဟေလီတွင် ကောလိပ်ကျောင်းတက်နေသော   သမီးတစ်ဦးရှိသည့်အပြင် သားဖြစ်သူမှာလည်း ကောလိပ်ကျောင်းတက်ရမည့် အသက်အရွယ်ဝန်းကျင်သို့ရောက်နေပြီဖြစ်သောကြောင့် ဟေလီက စီးပွားရေးလောကတွင် ဝင်ငွေရှာမည့် အလားအလာရှိသည်။ တောင်ဆူဒန်နိုင်ငံကို လက်နက်ရောင်းချမှု ပိတ်ပင်ခြင်း၊ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းကို ဆွေးနွေးရေး စားပွဲဝိုင်းသို့ ခေါ်ဆောင်လာနိုင်ခဲ့ခြင်းတို့ကို အစိုးရက အသိအမှတ်ပြုခဲ့ပြီး မြောက်ကိုရီးယားနိုင်ငံကို ချမှတ်ထားသော လုံခြုံရေးကောင်စီ ပိတ်ဆို့အရေးယူမှုသုံးခုကိုလည်း ဟေလီကပြေလည်အောင် ဖြေရှင်းပေးနိုင်ခဲ့သည်။