အရှေ့တောင်အာရှနိုင်ငံ တစ်နိုင်ငံဖြစ်သောထိုင်းနိုင်ငံသို့ တရုတ် ကမ္ဘာလှည့်ခရီးသည်များလာရောက်မှု လျော့နည်းလျက်ရှိပြီး ယင်းနိုင်ငံတွင် ဘက်စုံ ဧည့်သည်တိုးပွားမှုကို နှောင့်နှေးသွားစေကာ အပျော်ခရီးထွက်သူများ သုံးစွဲမှုအပေါ် မှီခိုအားထားသည့် စီးပွားရေးအတွက် သဘောထားအမြင်ကို မှေးမှိန်သွားစေခဲ့သည်။
၂၀၁၈ ခုနှစ် သြဂုတ်လတွင် ထိုင်းနိုင်ငံသို့ တရုတ်နိုင်ငံမှ ခရီးသည်များ လာရောက်မှုမှာ ၁၂ ရာခိုင်နှုန်းလျော့ကျခဲ့သည်။ ၎င်းသည် တစ်နှစ်ကျော်အတွင်း အကြီးမားဆုံး လျော့နည်းမှုဖြစ်သည်။ နိုင်ငံစီးပွားရေးတွင် ငါးပုံတစ်ပုံခန့် ပါဝင်သည့် ခရီးသွားလုပ်ငန်းတွင် နိုင်ငံခြားငွေဝင်လမ်း၏ အဓိကပင်ရင်းမှာ တရုတ်နိုင်ငံမှ လာရောက်သော ဧည့်သည်များဖြစ်ရာ ထိုင်းတာဝန်ရှိသူများ စိတ်အနှောင့် အယှက်ဖြစ်နေသည်။
ယင်းသို့ လျော့နည်းမှု၏ အကြောင်းရင်းမှာ ယခုနှစ် ဇူလိုင်လ၌ တရုတ်အပျော်ခရီးထွက်သူများ ဒါဇင်များစွာ သေဆုံးခဲ့သည့် ခရီးများလေ့လာရေး သင်္ဘောတစ်စင်း ဖူးခက်ကျွန်းအလွန်၌ မတော်တဆဖြစ်မှုက အန္တရာယ် ကင်းမှုနှင့်ပတ်သက်၍ စိုးရိမ်မှုများပေါ်ပေါက်ခဲ့သောကြောင့် ဖြစ်သည်။ တရုတ်နိုင်ငံတွင် ထိုင်းနိုင်ငံအပေါ် အမြင်မှာလည်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားမှု၊ ဘတ်ငွေတန်ဖိုး ခိုင်မာမှုနှင့် လေဆိပ်လုံခြုံရေးက တရုတ် ခရီးသည်အား လက်သီးနှင့် ထိုးနှက်တိုက်ခိုက်ပုံ ဗီဒီယိုပျံ့နှံမှုတို့ကြောင့် ထိခိုက်ခဲ့သည်။
တရုတ်ဧည့်သည်များ ရောက်ရှိမှု လျော့နည်းလာမှု သည် ၂၀၁၈ ခုနှစ် ဒုတိယနှစ်ဝက်တွင် အကျဘက် အန္တရာယ်တစ်ခုဖြစ်ကြောင်း ဘန်ကောက်ရှိ Kasikorn Securities ရှိ ဘောဂဗေဒပညာရှင် ကမ်ပွန်အေဒီ ရက်ဆွန်ဘတ်က ဆိုသည်။ ကမ္ဘာလှည့်ခရီးသွားလုပ်ငန်း နှေးကွေးလာပြီး ကမ္ဘာအနှံ့ ကုန်သွယ်မှု အငြင်းပွားမှုများ၏သက်ရောက်မှုက ထိုင်းစီးပွားရေး ဖွံ့ဖြိုးမှုကို ၂၀၁၈ ခုနှစ်၌ ခန့်မှန်းခြေ ၄ ဒသမ ၅ ရာခိုင်နှုန်းမှ နောက်နှစ် တွင် ၄ ဒသမ ၂ ရာခိုင်နှုန်းအထိ လျှော့ပေါ့စေသည်ဟု ၎င်းကဆိုသည်။ တရုတ်ခရီးသည် တိုက်ခိုက်ခံရမှုကို ဖော်ပြသည့် ဗီဒီယိုနှင့်ပတ်သက်၍ ထိုင်းဝန်ကြီးချုပ် ပရာယုသ် ချန်အိုချာက ထိုဖြစ်ရပ်အတွက် ဝမ်းနည်းကြောင်း တွစ်တာ၌ ဆိုခဲ့သည်။
နိုင်ငံစီးပွားရေးတွင် ငါးပုံတစ်ပုံခန့်ပါဝင်သည့် ခရီးသွားလုပ်ငန်းတွင် နိုင်ငံခြား
ငွေဝင်လမ်း၏ အဓိက ...
Bank of Thailand က ဧည့်သည်လာရောက်မှုကို တိုးတက်ရန် မျှော်လင့်ပြီး ယခုနှစ်တွင် ထိုင်းလူဦးရေ ထက်ဝက်ကျော်နှင့်ညီမျှသော ဧည့်သည် ၃၈ သန်းကျော် ကို ကြိုတင်မျှော်မှန်းထားသည်။ အခြားအစိုးရကိန်းဂဏန်း များက တရုတ်ခရီးသည်များက နိုင်ငံခြားခရီးသွားလုပ်ငန်း ဝင်ငွေတွင် ဘတ် ၂ ဒသမ ဝ၉ ထရီလျံ၏ သုံးပုံတစ်ပုံနီးနီး ပေးသည်ဟု ခန့်မှန်းသည်။ ခရီးသွားလုပ်ငန်းအဖွဲ့များက တရုတ်ခရီးသည်များအား ဗီဇာတစ်ခုတည်းဖြင့် နှစ်ကြိမ် ဝင်ခွင့်၊ ဒါမှမဟုတ် ဗီဇာကင်းလွတ်ခွင့်များကို ယာယီအားဖြင့်ပေးရန် အစိုးရကို တိုက်တွန်းနေသည်။
ရင်းနှီးမြှုပ်နှံသူများသည်လည်း စိတ်သောကရောက်နေကြသည်။ Stock Exchange of Thailand Tourism & Leisure အညွှန်းကိန်းသည် ဘက်စုံ စတော့ ဈေးကွက်တွင် သုည ဒသမ ၃ ရာခိုင်နှုန်း လျှောပါးမှုနှင့် နှိုင်းယှဉ်လျှင် ယခုနှစ်တွင် ၁၄ ရာခိုင်နှုန်း ကျသွားသည်။
တရုတ်ပြည်မှ ကရာဘီသို့ လေယာဉ် စင်းလုံးငှားပြီး လာရောက်သည့် လေယာဉ် ခရီးစဉ်များသည် တစ်နေ့တွစ် ခုနစ်စုမှ ၁၂ စုအထိရှိခဲ့ကြောင်းနှင့် ယခုအခါ ခရီးသည် နှစ်ဦးမှ သုံးဦးအထိသာပါသည့် ခရီးစဉ် သုံးခုအထိ လျော့နည်းလာကြောင်း ခရီးသွားလုပ်ငန်း ကောင်စီဥက္ကဋ္ဌ အင်တီရစ်ကင်းလိပ်က ဆိုသည်။ ဘန်ကောက်သည် ကမ္ဘာတွင် ခရီးသွား လာမှုအများဆုံးရှိသည့် မြို့ကြီးဖြစ်ပြီး ကာရာဘီနှင့် ဖူးခက်ပင်လယ်ကမ်းခြေ အပန်းဖြေစခန်းများသည် ကမ္ဘာတစ်ဝန်းမှ ခရီးသည်များကို ဆွဲဆောင်နေသည်။ နိုင်ငံအနေနှင့် တရုတ်ခရီးသည်များ၏ ယုံကြည် မှုပြန်လည်ရရှိရန် အမြန်ဆောင်ရွက်ရမည်ဟု Association of Thai Travel Agents ၏ဥက္ကဋ္ဌ ဗီးချစ် ပရာကော့ဘ်ကိုက ဆိုသည်။ တရုတ်ခရီးသည်များ အခြားနိုင်ငံများသို့ ရောက်သွားခြင်းဖြင့် ထိုင်းနိုင်ငံအတွက် ဆုံးရှုံးသွားနိုင်ကြောင်း ဗီးချစ်က ပြောကြားခဲ့သည်။

















