ပဲခူးမြို့ရှိ ဘုရင့်နောင်မင်းတရားကြီး ထီးနန်းစိုက်ခဲ့သည့် ကမ္ဘောဇသာဒီ နန်းတော်ကြီးအတွင်း ယခင်က ပိတ်ပင်ခဲ့သည့်ထိုင်းမင်းသမီး ဆုပန်ကလျာ ရုပ်တုအား ယခုပြန်လည်ဖွင့်လှစ်ပြသရာ ထိုင်းလူမျိုးများလာရောက် ကြည့် ရှုသူများပြားလျက်ရှိသည်။
ပြန်လည်ပြသခဲ့
၁၉၉၄ ခုနှစ် ယခင်အစိုးရလက်ထက် ရှေးဟောင်းယဉ်ကျေးမှုများပြန်လည်ဖော်ဆောင်ရာတွင် ပဲခူးမြို့၌ ဘုရင့်နောင်မင်းတရား ကြီး ထီးနန်းစိုက် ခဲ့သော မြေ ၆၇ ဧကတွင် ကမ္ဘောဇသာဒီနန်းတော်ကြီးအား ပြန်လည်တည် ဆောက်ရာ ဧရာဝတီတိုင်းဒေသကြီး ပန်းတနော်မြို့မှ လာရောက်လှူဒါန်းထား သော ထိုင်းမင်းသမီးဆုပန်ကလျာရုပ်တုကို ပြသခွင့်မပြုခဲ့ဘဲ ၂၀၁၈ ခုနှစ် ဇွန်လမှသာ ပြန်လည်ပြသခဲ့ခြင်းဖြစ်သည်။
"ထိုင်းမင်းသမီး ဆုပန်ကလျာရုပ်တုက ရှေးဟောင်းလက်ရာမဟုတ်ပါဘူး။ ဒီခေတ် လက်ရာပါ။ သမိုင်းကြောင်းနဲ့မဆိုင်ပါဘူး။ ကိုးကွယ်ရာတစ်ခုအနေနဲ့ ပြသထားတာပါ။ ပြည်ပခရီးသွားလေ့လာသူတင်မဟုတ်ပါဘူး။ ပြည်တွင်းက လူတွေလည်း စိတ်ဝင်စားကြပါတယ်။ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ဖို့ အတွက် အဓိကထားဆောင်ရွက်ထားတာပါ။ ပြည်ပခရီးသွားဧည့်သည်တွေ ထဲမှာ ထိုင်းလူမျိုးအများစု လာရောက်ဂါရဝပြုကြတာများပါတယ်" ဟု ပဲခူး တိုင်းဒေသကြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန် ကြားရေးမှူး ဦးညိုမြင့်ထွန်းက ပြောဆိုသည်။
လာရောက်လည်ပတ်
၂၀၁၈ ခုနှစ်အတွင်း ပဲခူးရှေးဟောင်း ယဉ်ကျေးမှုဇုန်ဖြစ်သည့် ရွှေမော်ဓော၊ ရွှေသာလျောင်း၊ ကမ္ဘောဇသာဒီနန်းတော်နှင့် ကျိုက်ပွန်ဘုရားအတွင်းသို့ ပြည်ပနိုင်ငံခြားသားများ လာရောက်လည်ပတ်မှုမှာ ဇန်န ဝါရီလတွင် ၇၁၈၇ ဦး၊ ဖေဖော်ဝါရီလတွင် ၂၂၄၂ ဦး၊ မတ်လတွင် ၇၇၈၂ ဦး၊ ဧပြီလ တွင် ၅၄၁၆ ဦး၊ မေလတွင် ၅၃၆၄ ဦး၊ ဇွန်လ တွင် ၃၇၄၀၊ ဇူလိုင်လတွင် ၃၆၈၇ ဦး၊ သြဂုတ်လတွင် ၃၇၁၈ ဦး၊ စက်တင်ဘာလတွင် ၄၀ဝ၁ ဦး လာရောက်လည်ပတ်ခဲ့ကြသည်။
ကက
"အရင်နှစ်တွေနဲ့ နှိုင်းယှဉ်ရင် ဒီနှစ်ထဲမှာ နိုင်ငံခြားသားခရီးသွားအများ အပြားလာရောက်လည်ပတ်ပါတယ်။ မိုးတွင်းကာလမှာ လာရောက်လည်ပတ်သူ နည်းပေမယ့် ပွင့်လင်းရာသီမှာတော့ များပြားလာပါလိမ့်မယ်။ ကမ္ဘာလှည့်ခရီး သွားတွေထဲမှာ ထိုင်းလူမျိုး၊ တရုတ်လူမျိုးအများအပြားလာကြပါတယ်။ ထိုင်းလူမျိုးအများစုကတော့ ဆုပန်ကလျာ မင်းသမီးကို သူတို့ရဲ့နတ်တစ်ပါးလို့ ယုံကြည်ကြတဲ့အတွက် လာရောက်ဂါရဝပြုကြသူများပါတယ်" ဟု ကမ္ဘာလှည့် ခရီးသွားဧည့်သည်များအား လုံခြုံရေးယူရသော ရဲတပ်ဖွဲ့ဝင်တစ်ဦးက ပြော ဆိုသည်။ ကုန်းဘောင်ခေတ်မင်းတစ်ပါးဖြစ်သည့် ဘုရင့်နောင်မင်းတရားကြီး ဘုန်း တန်ခိုးကြီးထွားချိန် မြန်မာသက္ကရာဇ် ၁၅၆၉ ခုနှစ်တွင် ယိုးဒယားနိုင်ငံ အယုဒ္ဓယကို တိုက်ခိုက်သိမ်းပိုက်စဉ် ယိုးဒယားဘုရင်မှ ရွှေလမ်း၊ ငွေလမ်း ဖောက်သည့်အနေဖြင့် သမီးဖြစ်သူဆုပန်ကလျာ ၁၇ နှစ်အရွယ်ကို မွေး စားရန်ပေးလိုက်ခြင်းဖြစ်သည်။
















