သမ္မတဒူတာတေးက ငွေဖောင်းပွမှုတိုက်ဖျက်ရန်အတွက် ဖိလစ်ပိုင်အစိုးရက အနှစ် ၂၀ ခန့် တင်းကျပ်ထားသည့် ဆန်စပါးတင်သွင်းကုန်ဆိုင်ရာ ကန့်သတ်ချက်များအား ဖယ်ရှားလိုက်ပြီး အကန့်အသတ်မရှိ ဝယ်ယူတင်သွင်းခွင့်ပြုရေးဆီသို့ ဦးတည်လိုက်သည်။
ဆန်စပါးသည် ဖိလစ်ပိုင်၏ စားသုံးသူဈေးဆနှုန်းအညွှန်းကိန်းတွင် အဓိကအစား အစာ ဖြစ်ပြီး စက်တင်ဘာလတွင် လွန်ခဲ့သည့်နှစ်ကာလတူထက် ၆ ဒသမ ၇ ရာခိုင်နှုန်း မြင့် တက်ကာ ၂၀ဝ၉ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းအဆိုးဆုံးဖြစ်ပြီး လက်ကျန်နည်းမှု ကြောင့် ပြည်တွင်းဈေးတက်မှုဖြစ်စေကြောင်းသိရသည်။
အောက်တိုဘာ ၈ ရက်က အစိုးရအဖွဲ့အစည်းအဝေးတွင် ဒူတာတေးက ဆန်စပါးတင်သွင်းခြင်းအား အပိတ်အဆီး မရှိစေရဟု အမိန့်ထုတ်ခဲ့ကြောင်း၊ ယခုအခါ ဖိလစ်ပိုင်တွင် ဆန်စပါးမှာ လွတ်လပ်သော ဈေးကွက်ဖြစ်သွားပြီဖြစ်ကြောင်း ပြောခွင့်ရသူ ဟယ်ရီကဆိုသည်။ ယင်းမှာ ယခင်က ပြည်တွင်းမှ ဆန်စပါးစိုက်လယ်သမားများအား အကာအကွယ်ပေးလိုသည့်အနေဖြင့် ချမှတ်ခဲ့သည့် ဖိလစ်ပိုင်အစိုးရက အနှစ်၂၀ ခန့်တင်းကျပ်ထားသည့် ဆန်စပါးတင်သွင်း ကုန်ဆိုင်ရာ ကန့်သတ်ချက်များအား ဖယ်ရှားလိုက်ပြီး အကန့်အသတ်မရှိ ဝယ်ယူတင်သွင်း ခွင့်ပြုလိုက်ခြင်းဖြစ်သည်။ ထို့ပြင် ဆန်ဝယ်ယူတင်သွင်းမှုကို အစိုးရ၏ အမျိုးသား ရိကာအာဏာပိုင်အဖွဲ့ NFA က လက်ဝါးကြီးအုပ်ထားမှု အဆုံးသတ်သွားခြင်းဖြစ်သည်။
ဒူတာတေး၏ပြောခွင့်ရသူ ဟယ်ရီက ယခုအခါဖိလစ်ပိုင်တွင်ဆန်စပါးမှာ လွတ်လပ်သော ဈေးကွက်ဖြစ်သွားပြီဖြစ်ကြောင်း ဆန်တင်သွင်းသူများအနေဖြင့် ဆန်မည်မျှတင်သွင်း မည်ဆိုသည်ကို အစိုးရ၏ အမျိုးသားရိက္ခာအာဏာပိုင်အဖွဲ့ NFA ထံ တင်ပြကာခွင့်ပြုချက် ရယူရန် မလိုတော့ကြောင်း ဆိုသည်။ သို့တိုင် ဖိလစ်ပိုင်တွင်စားသုံးရန် ဆန်အလုံအလောက် ရှိနေပြီး ငွေကြေးဖောင်းပွနှုန်းမြင့်ခြင်းမှာ လောင်စာဆီဈေးတက်မှုကြောင့် အဓိကဖြစ်ရကြောင်း သုံးသပ်သည်။
ဖိလစ်ပိုင်က ယခုနှစ်အတွင်း ဆန်အတော်အသင့်ဝယ်ယူတင်သွင်းထား ပြီးဖြစ်ကာ အစိုးရ၏ အမျိုးသားရိက္ခာအာဏာပိုင်အဖွဲ့ ငြ်္ဗ က တန်ချိန် ၂ ဒသမ ၄ သန်း တင်သွင်းပြီးဖြစ်ရာ၂၀၁၀ စံချိန်ဖြစ်ခဲ့သည့် ဆန်တန်ချိန် ၂ဒသမ၄၅သန်း တင်သွင်းခဲ့မှုအားလိုက်မီရန် အနည်းငယ်သာလိုတော့ သည်။ ဖိလစ်ပိုင်ပြည်တွင်းစိုက် ဆန်များထက်များစွာ ဈေးသက်သာသည့်တင်သွင်းဆန်များအား ထုတ်လုပ်မှုကုန်ကျစရိတ် ပိုမိုသက်သာသည့် ဗီယက်နမ်၊ ထိုင်းစသည်နိုင်ငံများထံမှ တင်သွင်းသည်။
















