ရှန်ဟဲ ကုန်စည်ပြပွဲကာလ နွားထိုးကြီးပျူပုတီးလုပ်ငန်း ပါဝင်ပြသမည်

ရှန်ဟဲ ကုန်စည်ပြပွဲကာလ နွားထိုးကြီးပျူပုတီးလုပ်ငန်း ပါဝင်ပြသမည်

နွားထိုးကြီးမြို့နယ်ထွက် အင်ကြင်းကျောက်ဖြင့်ထုတ်လုပ်သော ပျူပုတီးပစ္စည်းများနှင့်လုပ်ငန်းကို CIIE SHANG HAI 2018 နိုင်ငံ တကာကုန်စည်ပြပွဲတွင် ပြသရန်ခွင့်ပြုချက်ရထားပြီးဖြစ်ကြောင်း Tree Jade အင်ကြင်းကျောက်လုပ်ငန်းရှင်ဦးမင်းရွှေက ပြောဆိုသည်။

ယခုနှစ် နိုဝင်ဘာ ၃ ရက်မှ ၁၀ ရက်အထိ တရုတ်နိုင်ငံ ရှန်ဟဲမြို့၌ ရှစ်ရက်ကြာကျင်းပမည့် နိုင်ငံတကာကုန်စည်ပြပွဲတွင် မြန်မာ့ရှေးရိုးရာ ပျူပုတီးလက်မှုလုပ်ငန်းကို ပထမဦးဆုံးအကြိမ်အဖြစ် ပါဝင်ပြသခွင့် ရရှိခြင်းဖြစ်သည်။ ပျူလက်မှုထည်များဖြစ်သော ပျူပုတီး၊ ပျူနားတောင်း၊ ပျူလည်ဆွဲ (ဆင်ရုပ်၊ ကျားရုပ်)၊ ပျူဆေးတံ၊ ပျူရေတကောင်း စသည့်အသုံး အဆောင်ပစ္စည်းများ ရောင်းချမည့်အပြင် ပြုလုပ်ပုံအဆင့်ဆင့်ကိုလည်း လက်တွေ့သရုပ်ပြသမည်ဖြစ်သည်။

ပြပွဲပြသသူ နွားထိုးကြီး Tree Jade အင်ကြင်းကျောက်လုပ်ငန်းရှင် ဦးမင်းရွှေက မြန်မာ့ပျူပုတီးကို နိုင်ငံတကာဇာတ်ခုံသို့ မိတ်ဆက်ပြသ နိုင်ခြင်းဖြင့် တစ်ခေတ်တစ်ခါကအလွန်အမင်းထွန်းကားခဲ့သော ပျူယဉ် ကျေးမှုနှင့်ပျူသမိုင်းကို နိုင်ငံခြားသားများပို၍သိရှိနားလည်ရန် မျှော်လင့် ကြောင်းနှင့် စီစဉ်မှုပေးခဲ့သော မြန်မာ့ကုန်သွယ်မှုမြှင့်တင်ရေးအဖွဲ့ နှင့် ITC အဖွဲ့တို့ကို ကျေးဇူးတင်ကြောင်းပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး