တရားမဝင် ရွှေ့ပြောင်းခိုလှုံမှု ထိန်းချုပ်ရေး ပိုအားစိုက်ကြရန် ဗဟိုအမေရိကနိုင်ငံများကို အမေရိကန် တိုက်တွန်း

တရားမဝင် ရွှေ့ပြောင်းခိုလှုံမှု ထိန်းချုပ်ရေး ပိုအားစိုက်ကြရန် ဗဟိုအမေရိကနိုင်ငံများကို အမေရိကန် တိုက်တွန်း

တရားမဝင် ရွှေ့ပြောင်းခိုလှုံမှု ထိန်းချုပ်ရေး ပိုဖိအားပေး လုပ်ဆောင်မည်ဆိုပါက စီးပွားအကူအညီများ တိုးမြှင့်ပေးမည်ဟု အမေရိကန်ဒုတိယ သမ္မတ မိုက်ပန့်စ်က ဗဟိုအမေရိက သုံးနိုင်ငံ ခေါင်းဆောင်များကို ပြောကြားလိုက်ကြောင်း သိရသည်။

“တရားမဝင် ရွှေ့ပြောင်းခိုလှုံသူတွေ ထိန်းချုပ်ရေး ပိုဖိအားပေး ကိုင်တွယ်မယ်ဆိုရင် အမေရိကန်သမ္မတ ကိုယ်စားနဲ့ အမေရိကန်ပြည်သူတွေကိုယ်စား ကျုပ်ကလည်း ဗဟိုအမေရိက သုံးနိုင်ငံကို စီးပွားအကူအညီ တိုးမြှင့်ပေးမယ်လို့ ကတိပြုတယ်” ဟု မစ္စတာ ပန့်စ်က ဝါရှင်တန်ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန၌ ကျင်းပသော ဗဟိုအမေရိက ကြီးပွားတိုးတက်ရေးနှင့် လုံခြုံရေး အစည်းအဝေးတွင် ပြောကြားခဲ့သည်။

အစည်းအဝေးသို့ ဟွန်ဒူးရက်စ် သမ္မတ ဟွမ် အော်လန်ဒို ဟာနန်ဒက်၊ ဂွာတီမာလာ သမ္မတ ဂျင်မီ  မိုရေးနှင့် အယ်ဆာဗေဒေါ ဒုသမ္မတ အော်စကာ အော်တစ်တို့ တက်ရောက်ခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်အတွင်း ထိုသုံးနိုင်ငံမှ တရားမဝင် ရွှေ့ပြောင်းခိုလှုံသူ ၂၂၅၀ဝ၀ သည် အမေရိကန်နိုင်ငံတွင်းသို့ ဝင်ရောက်ခိုလှုံရန် ကြိုးပမ်းခဲ့ကြသည်။ ပြီးခဲ့သည့်နှစ်က ထရမ့် အစိုးရသည် ဗဟိုအမေရိကနိုင်ငံများအတွက် စီးပွားကူငွေ ဒေါ်လာ သန်း ၄၆၀ အသုံးပြုခဲ့သည်။ သမ္မတ အိုဘားမား လက်ထက်ကထက် ၃၀ ရာခိုင်နှုန်း လျော့နည်းခဲ့သည်ကိုလည်း တွေ့ရသည်။

အယ်ဆာဗေဒေါတွင် တရားမဝင် ခိုလှုံသူများကို ဖမ်းဆီးနှုန်းများ ကျဆင်းနေသလို၊ ဟွန်ဒူးရက်စ်နှင့် ဂွာတီမာလာတို့ဘက်မှ တရားမဝင် ခိုလှုံသူများ အမေရိကန်နယ်စပ်သို့ ရောက်ရှိနှုန်းသည်လည်း ၆၁ ရာခိုင်နှုန်းနှင့် ၇၅ ရာခိုင်နှုန်းစီ မြင့်တက်လာကြောင်း ဒုသမ္မတ ပန့်စ်က ပြောသညည်။

ဗဟိုအမေရိကနိုင်ငံများတွင် တရုတ်သည် စီးပွားရေး၊ သံတမန်ရေးသြဇာ ချဲ့ထွင်လာနေမှုကို အမေရိကန်သည် စိုးရိမ်လျက်ရှိနေသည်။ ထိုင်ဝမ်နှင့် သံတမန်ရေး အဆက်ဖြတ်ခဲ့သည့် အယ်ဆာဗေဒေါ၊ ပနားမားနှင့် ဒိုမီနီကန် ရီပတ်ပလစ်တို့မှ သံဝန်ထမ်းများကိုလည်း အမေရိကန်အစိုးရသည် ပြီးခဲ့သည်လက ပြန်လည်ခေါ်ယူခဲ့သည်ကို တွေ့ရသည်။