ပြည်တွင်းဈေးကွက်တွင် သွင်းကုန်ဝက်များတိုးပွာလာမည့် အန္တရယ်ရှိသဖြင့် လက်၇ှိ ဝက်သားဈေးတက်ခြင်းအပေါ် ဗီယက်နမ်တာဝန်ရှိသူများ အခက်ကြုံနေရကြောင်း သိရသည်။
ဟနွိုင်းတွင်လတ်တလောကျင်းပသည့် ဈေးကွက် တည်ငြိမ်ရေးနှင့်ဝက်မွေးမြူမှုတိုးတက်ရေးဆျိုင်ရာအစည်းအဝေးတွင် စိုက်ပျိုးရေးနှင့် ကျေးလက်ဝန်ကြီး ငုယင်ကွမ်ကောင်ကပြောရာတွင် ဝက်ဈေးမှာ လက်ရှိဖြစ်နေသည့် တစ်ကီလိုလျင် ဒေါင် ၅၁၀ဝ၀-၅၂၀ဝ၀ တက်ဈေးထက် တစ်ကီလိုလျင် ဒေါင် ၃၅၀ဝ၀သာ တည်ငြိမ်နေသင့်ကြောင်းဆိုသည်။
ဈေးကွက်တည်ငြိမ် ရေးအတွက် ဝက်မွေးမြူသူများနှင့် ကုန်သည်များအနေဖြင့် ဝက်ဈေးလျှော့ချပေးကြရန် လိုအပ်ကြောင်း ဆိုသည်။ ထို့အတူဝက်စာဖြစ်သည့်ဖွဲဈေးမှာလည်းလျှော့ချရန်လည်း ပြောဆိုသည်။ လုပ်ငန်းရှင်များအနေဖြင့် သင့်တင့်သော အမြတ်သာ ယူသင့်ကြောင်း သို့မဟုတ်က ဈေးကွက်ဆူံးရှုံးကာ ပိုမိုဆိုးရွားသောအရှုံးနှင့် ရင်ဆိုင် ရနိုင်ကြောင်း ဆိုသည်။ မွေးမြူရေးဦးစီးဌာနအဆိုအရ လက်ရှိဝက်မွေးမြူစရိတ်မှာ ဝက်တစ်ကီ လိုလျင် ဒေါင် ၃၅၀ဝ၀မှ ၃၆၀ဝ၀ အတွင်းဖြစ်သောကြာင့် ရောင်းဈေးမှာအလွန်မြင်နေကြောင်း သိရသည်။
စီပီဗီယက်နမ်ဖက်စပ်ကုမ္ပဏီ ဒုညွှန်မှူး ခီယူမင်လက် ကပြောရာတွင် ဝက်ဈေးမှာ လက်၇ှိတစ်ကီလိုလျင် ဒေါင် ၅၀ဝ၀ဝအောက်ဖြစ်သင့်ကြောင်း ၊ ဝက်ဈေးတည်ငြိမ်ရေးအတွက် သက်ဆိုင်ရာ အဖွဲ့အစည်းများနှင့်ပူးပေါင်းဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။
















