မီဒီယာလွတ်လပ်ခွင့်ကန့်သတ်သည့် ဥပဒေကြမ်း ဘင်္ဂလားဒေ့ရှ်သတင်းသမားများ ဆန့်ကျင်ဆန္ဒပြ

မီဒီယာလွတ်လပ်ခွင့်ကန့်သတ်သည့် ဥပဒေကြမ်း ဘင်္ဂလားဒေ့ရှ်သတင်းသမားများ ဆန့်ကျင်ဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိတ်ဟာဆီနာ၏အစိုးရသည် မီဒီယာလွတ်လပ်ခွင့်ကန့်သတ်သည့် ဥပဒေကြမ်းတစ်ခုကို အတည်ပြုလိုက်ခြင်းဖြင့် ယုံကြည်မှုချိုးဖောက်ခဲ့ကြောင်းပြောဆိုကာ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ဂျာနယ်လစ် ၁၀ဝ ကျော်က အောက်တိုဘာ ၁၁ ရက်တွင် ဒါကာ၌ ချီတက်ဆန္ဒပြခဲ့ကြသည်။

လွှတ်တော်က လွန်ခဲ့သောလတွင် အတည်ပြုခဲ့သည့် ဒီဂျစ်တယ် လုံခြုံရေးအက်ဥပဒေသည် ဆိုက်ဘာရာဇဝတ်မှုများလျော့ကျရေးအတွက်သာဖြစ်ကြောင်း ဟာဆီနာ၏အစိုးရက ခုခံပြောဆိုခဲ့သည်။ သို့သော် အစိုးရအဆောက်အအုံများအတွင်း သတင်းအချက်အလက်များကို လျှို့ဝှက်မှတ်တမ်းတင်သူများသည် ထောင်ဒဏ် ၁၄ နှစ်အထိ ချမှတ်ခံရမည်ဖြစ်သောကြောင့် အကြောက်တရားစိုးမိုးသွားစေကြောင်း ဂျာနယ်လစ်များကပြောဆိုခဲ့သည်။

အဆိုပါဥပဒေကိုပြင်ဆင်ဖြည့်စွက်မည်ဖြစ်ကြောင်း ဝန်ကြီးများက မကြာသေးမီရက်သတ္တပတ်များအတွင်း ကတိပြုခဲ့သော်လည်း ကတိမည်ခဲ့သောကြောင့် အလွန်အမင်းစိတ်ပျက်ခဲ့ရကြောင်း အယ်ဒီတာများကောင်စီက ထုတ်ပြန်ခဲ့သည်။ ဝန်ကြီးသုံးဦးကပေးထားသည့် ပေးထားသည့် ကတိကိုမတည်ခဲ့သောကြောင့် ယုံကြည်မှုချိုးဖောက်ခြင်းမည်ကြောင်း ကောင်စီ၏ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

ဝန်ကြီးချုပ်ဦးဆောင်သည့် အပတ်စဉ်ပြုလုပ်နေကျ ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် အဆိုပါဥပဒေနှင့်ပတ်သက်၍ဂျာနယ်လစ်များက ပူပန်နေကြောင်းကို ပြောဆိုပေးမည်ဖြစ်ကြောင်း ပြန်ကြားရေးဝန်ကြီး ဟာဆာနူ ဟက်နှင့် အခြားဝန်ကြီးနှစ်ဦးတို့က လွန်ခဲ့သောလတွင် ကတိပြုခဲ့သည်။

ဝန်ကြီးအဖွဲ့အစည်းအဝေးတွင် အခြားအရေးသည့်အကြောင်းအရာများကို ဆွေးနွေးရမည်ဖြစ်သောကြောင့် ဂျာနယ်လစ်များ၏ပူပန်မှုကို မဆွေးနွေးဖြစ်ခဲ့ကြောင်း ဟက်ကက ပြောဆိုခဲ့သည်။ ဒီဇင်ဘာတွင် ပြုလုပ်မည့် အထွေထွေရွေးကောက်ပွဲတွင် ဟာဆီနာသည် တတိယသက်တမ်းအတွက် ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သောကြောင့် အတိုက်အခံများအား အဆိုပါဥပဒေကိုသုံးကာ ဖိနှိပ်ရန် ကြိုးပမ်းနေကြောင်း အတိုက်အခံများကပြောဆိုခဲ့သည်။

အဓိကအတိုက်အခံပါတီမှ ခေါင်းဆောင်များသည် အကျင့်ပျက်ခြစားမှုမှစ၍ ဟာဆီနာကို လုပ်ကြံရန်အထိ ပြစ်မှုများဖြင့် ယခုနှစ်အတွင်း ထောင်ဒဏ်ချမှတ်ခံခဲ့ရပြီးဖြစ်သည်။ ကိုလိုနီခေတ်တွင် ကျင့်သုံးခဲ့သည့် နိုင်ငံတော်လျှို့ဝှက်အက်ဥပဒေဖြင့်လည်း ထောင်ဒဏ်ချမှတ်မှုများကိုပြုလုပ်ခဲ့သည်။