ဘိုကလေးမြို့မှ မော်ကျွန်း၊ ကျိုက်လတ်မြို့တို့သို့ ခေါက်တိုပြေးဆွဲသည့် လိုင်းကားခများ စက်သုံးဆီဈေးတက်၍ ဈေးနှုန်းနှစ်ဆနီးပါးတိုးမြှင့်ကောက်ခံ

ဘိုကလေးမြို့မှ မော်ကျွန်း၊ ကျိုက်လတ်မြို့တို့သို့ ခေါက်တိုပြေးဆွဲသည့် လိုင်းကားခများ စက်သုံးဆီဈေးတက်၍ ဈေးနှုန်းနှစ်ဆနီးပါးတိုးမြှင့်ကောက်ခံ

ဧရာဝတီတိုင်းဒေသကြီး ဘိုကလေးမြို့မှ မော်လမြိုင်ကျွန်း၊ ကျိုက်လတ်မြို့များသို့ ခေါက် တိုပြေးဆွဲနေသည့် လိုင်းကားခများ စက်သုံးဆီ ဈေးနှုန်း မြင့်တက်လာခြင်းကြောင့် အောက်တိုဘာ ပထမပတ်မှစတင်၍ ယာဉ်စီးခများ ဈေးနှုန်း တိုးမြှင့်ကောက်ခံနေကြောင်း ယာဉ်လိုင်းများမှ သိရသည်။

"ကျွန်တော့်အနေနဲ့ မဖြစ်မနေအခြေအနေ မို့ တိုးမြှင့်ကောက်ခံပြေးဆွဲလိုက်ရတာပါ။ ဆီ ဈေးက တစ်ရက်ထက်တစ်ရက်ကို တက်လာတာ အားလုံးအသိပါပဲ။ လက်ရှိဒေသ စက်သုံးဆီ ပေါက်ဈေးက တစ်လီတာကို ကျပ် ၁ç၂၀ဝ ဝန်းကျင်ဖြစ်လာနေပါပြီ။ ဘယ်လိုမှ မကိုက်လို့ တိုးမြှင့်လိုက်တာ ဖြစ်ပါတယ်။ စက်သုံးဆီဈေး ပြန်လည်ကျဆင်းလာရင်တော့ တစ်မျိုးတစ်ဖုံ ပြန်လည်ဆောင်ရွက်မှာပါ" ဟု ပုဂ္ဂလိကခေါက် တိုလိုင်းကားပြေးဆွဲသူ ဦးအောင်ဝင်းက ပြော ဆိုသည်။

ဈေးတင်ပြေးဆွဲ

စက်သုံးဆီဈေး မြင့်တက်နေခြင်းကြောင့် နေ့စဉ်ပြေးဆွဲနေသည့် ခေါက်တိုလိုင်းကားများ အနေဖြင့် ခရီးသည်မရသည့်အခေါက်များတွင် အရှုံးပေါ်နေခြင်း၊ စရိတ်များ ပိုမိုကုန်ကျခြင်းတို့ ကြောင့် ခေါက်တိုယာဉ်လိုင်း ပြေးဆွဲနေသူများ အားလုံးညှိနှိုင်းကာ အောက်တိုဘာ ပထမပတ် မှစတင်၍ ယာဉ်စီးခများကို ယခင် ကျပ် ၈၀ဝ မှ ကျပ် ၁,၅၀ဝ အထိ ဈေးတင်ပြေးဆွဲနေရ ကြောင်း သိရသည်။

မျှော်လင့်

"အားလုံးတော့ မဟုတ်ပေမယ့် တချို့ကား ကြီးတွေဆို ဒီခေါက်တိုလိုင်းကားငယ်တွေလို ငါးပိတို့၊ ငါးခြောက်တို့ နံစော်နေတဲ့ ပစ္စည်းမျိုး တွေဆို တင်လို့မရပါဘူး။ အခုလို ခေါက်တို လိုင်းကားတွေကျတော့ ကြိုက်တာအားလုံးတင် လို့ရပါတယ်။ အဲဒီတော့ အစ်မတို့လို ကုန်စိမ်း သည်တွေအဖို့ လိုင်းကားငယ်လေးတွေကတော့ မရှိမဖြစ်ပါဘဲ။ ဈေးနှုန်းနည်းနည်း တက်လာ ပေမယ့် လုပ်ငန်းမှာအဆင်ပြေတော့ တက်နေ တဲ့ ယာဉ်စီးခကို မကြည့်နိုင်တော့ပါဘူး။ စက် သုံးဆီဈေးကျရင်တော့ ယာဉ်စီးခဈေးပြန်ကျဖို့ မျှော်လင့်ပါတယ်" ဟု မော်လမြိုင်ကျွန်းမြို့မှ ခရီးသွား ဒေါ်အေးမြင့်က ပြောဆိုသည်။

လျော့ကျခြင်းမရှိ

အဆိုပါ ခေါက်တိုလိုင်းကားယာဉ်စီးခများ တိုးမြှင့်ပြေးဆွဲနေသော်လည်း စီးနင်းသူလျော့ ကျခြင်းမရှိဘဲ ခရီးသည်များ သဘောပေါက် နားလည်အောင် ရှင်းပြပြောဆို ပြေးဆွဲနေရ ကြောင်း ခေါက်တိုလိုင်းကား ပြေးဆွဲပေးနေသူ များထံမှ သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး