မြန်မာ့အားကစားကဏ္ဍ တိုးတက်မြင့်မားရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေးနှင့် အားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ အတွင်းရေးမှူးများ ပွင့်လင်းမြင်သာစွာ တွေ့ဆုံ ညှိနှိုင်းပွဲကို အောက်တိုဘာ ၁၃ရက် နံနက် ၈နာရီက အမျိုးသားအားကစားရုံ-၁ (သုဝဏ္ဏ)၌ ကျင်းပခဲ့သည်။
တက်ရောက်ခဲ့ကြ
အခမ်းအနားသို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်နှင့် တာဝန်ရှိသူများ၊ မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများ၊အတွင်းရေးမှူးများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
ဆွေးနွေးပြောဆို
တွေ့ဆုံပွဲ၌ ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က အဖွင့်အမှာစကားပြောကြားပြီး မြန်မာနိုင်ငံအားကစားအဖွဲ့ချုပ်များမှ ဥက္ကဋ္ဌများက မိမိတို့အဖွဲ့့ချုပ်များ ဆောင်ရွက်နေမှုများနှင့် လိုအပ်ချက်များကို တင်ပြဆွေးနွေးခဲ့ကြသည်။အဖွဲ့ချုပ်ဥက္ကဋ္ဌများမှ တင်ပြဆွေးနွေးချက်များကို ပြည်ထောင်စုဝန်ကြီး ဒေါက်တာမြင့်ထွေး၊ ဒုတိယဝန်ကြီး ဒေါက်တာ မြလေးစိန်၊ အားကစားနှင့် ကာယပညာဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမျိုးလှိုင်တို့က ပြန်လည်ရှင်းလင်း ဆွေးနွေးပြောဆိုခဲ့ကြသည်။
ညှိနှိုင်းဆွေးနွေးပြီးနောက် ပြည်ထောင်စုဝန်ကြီးဒေါက်တာ မြင့်ထွေးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး အစည်းအဝေးအား ရုပ်သိမ်းခဲ့သည်။















