ရာဇမဏိစူဠာကောင်းမှုတော်စေတီ ထုံးသင်္ကန်းကပ်လှူနိုင်ကြောင်း ဂေါပကအဖွဲ့အသိပေးကြေညာ

ရာဇမဏိစူဠာကောင်းမှုတော်စေတီ ထုံးသင်္ကန်းကပ်လှူနိုင်ကြောင်း ဂေါပကအဖွဲ့အသိပေးကြေညာ

စစ်ကိုင်းမြို့ ရာဇမဏိစူဠာကောင်းမှုတော်စေတီတော်ကြီး အား အဖြူရောင် ထုံးသင်္ကန်းတော်ဖြင့် ပြန်လည်ကြည်ညိုပူဇော်ခွင့်ရရှိတော့မည်ဖြစ်ရာ လုပ်ဆောင်မည့်အစီအစဉ် များတွင် မိမိတို့တတ်စွမ်းနိုင်သမျှ တစ်ထောင့်တစ်နေရာက ကုသိုလ်ယူပါဝင်လှူဒါန်းနိုင်ကြပါ ကြောင်း ကောင်းမှုတော်စေတီဂေါပကအဖွဲ့က အသိပေးဖိတ်ခေါ်လျက်ရှိသည်။

ထုံးသင်္ကန်းကပ်လှူပူဇော်မည်

ကောင်းမှုတော်စေတီတော်ကြီးကို သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနနှင့် စစ်ကိုင်း တိုင်းဒေသကြီးအစိုးရတို့၏ခွင့်ပြုချက်အရ သီတဂူဆရာတော်ကြီး ဒေါက်တာအရှင်ဉာဏိဿရ ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဂေါပကအဖွဲ့က အဖြူရောင်ထုံးသင်္ကန်း ပြန်လည်ကပ်လှူပူဇော် သွားမည်ဖြစ်သည်။ အဖြူရောင်ထုံးသင်္ကန်းကပ်လှူရာတွင် မြန်မာ့ယဉ်ကျေးမှုရှေးဟောင်း အမွေအနှစ်ဖြစ်သည့် စေတီတော်ကြီးရေရှည်တည်တံ့ခိုင်မာရေးအတွက် ခေတ်မီစက်ကိရိယာ (Vacuum Cleaner) ဖြင့် ဆေးဟောင်းများဖယ်ရှားတိုက်ချွတ်သန့်စင်ကာ ပျက်စီးယိုယွင်းနေသောနေရာများတွင် ခေတ်မီ (Hight Pressure Jet) ဖြင့် အောက်ခံဆေးအင်္ဂတေသား ထည့်သွင်းခြင်းများကို ပညာရှင်များ၏ အကြံဉာဏ်များရယူ၍ စနစ်တကျဆောင်ရွက်သွားမည် ဖြစ်ကြောင်း ကောင်းမှုတော်စေတီဂေါပကအဖွဲ့ဝင်တစ်ဦးထံမှ သိရသည်။

ခေတ်မီနည်းစနစ်

ထို့ပြင် ခေတ်မီနည်းစနစ်များဖြင့် Flexible Protective Coating နှင့် Primer သုတ်ခြင်း၊ အစိုဓာတ်နှင့် ရေငွေ့ပိတ်လှောင်ခြင်းတို့ မရှိစေရန်အတွက် အငွေ့ပြန်၍ လေဝင်လေထွက် ကောင်းသော Mineral Paint, Italy Pain သုတ်ဆေးတို့ဖြင့် အဖြူရောင်ထုံးသင်္ကန်းတော် ကပ်လှူသွားမည်ဖြစ်သည်။

ဆက်သွယ်လှူဒါန်းနိုင်

စေတီတော်အား ထုံးသင်္ကန်းကပ်လှူပူဇော်ရာတွင် ပါဝင်လှူဒါန်းလိုပါက ကောင်းမှုတော် စေတီတော်ဂေါပကအဖွဲ့ ဖုန်း-–ဝ၇–၂၂၁၅၄၅၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးတင်မျိုးလွင် ဖုန်း–-ဝ၉– ၇၉၇၃၀ဝ၃၀ဝ၊ စစ်ကိုင်းကမ္ဘောဇဘဏ်ခွဲ(၁) Account No. 05830205800441001 နှင့် ဂေါပကအဖွဲ့ဘဏ္ဍာရေးမှူး ဦးခင်မောင်တင့် ဖုန်း-–ဝ၉–-၄၂၅၀ဝ၃၄၆၂ တို့ထံ ဆက်သွယ် လှူဒါန်းနိုင်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး