မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် သွားနှင့် ပတ်သက်သော ရောဂါဝေဒနာများကို နိုဝင် ဘာလဆန်းပိုင်းတွင် Dental Chair စက်ကြီး ဖြင့် အခမဲ့ စမ်းသပ်ကုသပေးမည်ဖြစ်ကြောင်း မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံကြီးမှ သိရသည်။
Dental Chair ရရှိခဲ့
"ကိုယ်တို့ မလှိုင်မြို့နယ် ပြည်သူ့ဆေးရုံ ကြီးအတွက် အမျိုးသားကျန်းမာရေး စီမံကိန်း ဒုတိယနှစ်စီမံကိန်းမှာ ဆေးရုံလိုအပ်ချက်ဖြည့် ဆည်းပေးတဲ့အခါ Dental Chair ရပါ တယ်။ လွန်ခဲ့တဲ့ တစ်ပတ်ကျော်က ရရှိခဲ့တာ ပါ။ အခုဆေးရုံမှာ ကြွေပြားကပ်လုပ်ငန်းတွေ ရှိပါတယ်။ ဒီလ ၂၀ ရက် ဝန်းကျင်လောက် ပြီးမှာပါ။ ဒီ Dental Chair တပ်ဆင်မှုက ပြီးပါပြီ၊ ကြွေပြားခင်းခြင်းလုပ်ငန်းတွေ ပြီးရင် နိုဝင်ဘာလဆန်းလောက်မှာ သွားအခမဲ့ စမ်း သပ်ကုသပေးခြင်း ဆောင်ရွက်နိုင်တော့မှာပါ" ဟု မလှိုင်မြို့နယ်ပြည်သူ့ဆေးရုံမှ ဆရာဝန် ကြီး ဒေါက်တာနေမင်းမျိုးထွန်းက ပြောဆို သည်။
အခမဲ့ကုသပေး
မလှိုင်မြို့၌ သွားအခမဲ့စမ်းသပ်ကုသခြင်း ကို ယခင်ကတည်းကလုပ်ဆောင်ခဲ့ပြီး ယခု အခါ အမျိုးသားကျန်းမာရေးစီမံကိန်းမှ ခေတ်မီစက်ကိရိယာအဖြစ် "Dental Chair" ချထားပေးခြင်းကြောင့် သွားနှင့်ပတ်သက်သော ရောဂါဝေဒနာများအား အခမဲ့စမ်းသပ်ကုသ ပေးခြင်းကို ပိုမိုဆောင်ရွက်နိုင်တော့မည်ဖြစ်သည်။
















