စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်း ဝန်ကြီးဌာန ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီ လိတ်ခရိုင် မိုင်းယောင်းမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ် သည့် အသက်မွေးဝမ်းကျောင်း အထောက် အကူပြုစိုက်ပျိုးရေး၊ မွေးမြူရေး သင်တန်း (၁/၂၀၁၈) ကို အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ မိုင်းယောင်းမြို့နယ် ဝမ်ဘိုးကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးရုံး၌ ဖွင့်လှစ်သင်ကြား ပို့ချလျက်ရှိကြောင်း သိရသည်။
ရည်ရွယ်ချက်
သင်တန်းဖွင့်ပွဲတွင် မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်မိုးက အဖွင့်အမှာစကားပြောဆိုပြီး မြို့နယ်ကျေးလက် ဦးစီးမှူး ဦးစိုင်းလောင်မှိုင်းက သင်တန်းဖွင့်လှစ် ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောဆိုသည်။
စာတွေ့လက်တွေ့
ထို့နောက် မြို့နယ်ကျေးလက်ဦးစီးဌာနမှ ထောက်ပံ့သည့် ဟင်းသီးဟင်းရွက်မျိုးစေ့များ နှင့် ရွက်ဖျန်းသဘာဝမြေသြဇာများကို သက် ဆိုင်ရာတာဝန်ရှိသူများက သင်တန်းသားများထံ ပေးအပ်သည်။
သင်တန်းတွင် ဒေသခံတောင်သူများအား လယ်ယာစွန့်ပစ်ပစ္စည်းများဖြစ်သည့် ကောက် ရိုးမှ သဘာဝမြေသြဇာ (အီးအမ်ဘိုကာရှီ မြေ ဆွေးပုံ) ပြုလုပ်နည်း၊ စပါးတစ်ဧကလျှင် စပါး တင်း ၁၀ဝ နှုန်းအထက်ထွက်ရန် လိုက်နာရ မည့်အချက်များ၊ အပင်များတွင် ကျရောက် တတ်သော ပိုးမွှားအန္တရာယ်နှင့် စိုက်ခင်းများ အတွင်း ကြွကာကွယ်နှိမ်နင်းရေး နည်းလမ်း ကောင်းများ၊ တိရစ္ဆာန်များတွင် ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများ၊ ကာကွယ်ရမည့် နည်းလမ်းများနှင့် ကာကွယ်ဆေးထိုးပေးခြင်း လုပ်ငန်းဆိုင်ရာများကို မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန မြို့နယ်ကျေးလက်ဦးစီးဌာန မြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနတို့ မှ တာဝန်ရှိသူများက ဘာသာရပ်အလိုက် စာတွေ့လက်တွေ့ သင်ကြားပို့ချသည်။
သင်တန်းသို့ဌာနဆိုင်ရာတာဝန်ရှိသူများ နှင့် ဝမ်ဘိုးမြစိမ်းရောင် ကျေးရွာများမှ သင် တန်းသားသင်တန်းသူ ၃၀ တက်ရောက်ခဲ့ကြ ကြောင်း သိရသည်။
















