ယာဉ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ်ဦးတို့ သေနတ်ဖြင့် ပစ်ခတ်ခံရ

ယာဉ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ်ဦးတို့ သေနတ်ဖြင့် ပစ်ခတ်ခံရ

မော်လမြိုင် မြိုင်သာယာရပ်တွင် ယာဉ်ထိန်းရဲတစ်ဦးနှင့်အရပ်သားတစ်ဦးတို့ သေနတ်ဖြင့်ပစ်ခတ်ခံရမှု ယနေ့ ဖြစ်ပွားကြောင်း ကနဦးသတင်းများအရ သိရသည်။ 

အောက်တိုဘာ ၁၄ ရက်နေ့ နံနက်ပိုင်းတွင် မော်လမြိုင် မြိုင်သာယာရပ် ဦးစစ်မောင်လမ်းနှင့် သမိန်ဗရမ်းလမ်းဆုံ ယဉ်နုကြေးအိုးဆိုင်အနီး ယာဉ်ထိန်းရဲတစ်ဦးနှင့် အရပ်သားတစ်ဦး တို့ကို လက်နက်ကိုင်အဖွဲ့ဝင်တစ်ဦးက သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသွားခဲ့ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ ၂ ဦးကို မော်လမြိုင်ဆေးရုံကြီးသို့ ပို့ဆောင်ထားပြီး သက်ဆိုင်ရာ၏ ကနဦးစစ်ဆေးချက်အရ သေနတ်ဖြင့်ပစ်ခတ်ထွက်ပြေးသူမှာ မွန်ငြိမ်းချမ်းကာကွယ်ရေးတပ်ဖွဲ့မှ ဒေသသတင်းစုဆောင်းရေး ဒုဗိုလ်နိုင်ပိုက်ထွေးဟု သိရသည်။ 

၄င်းနှင့်အတူ ယာဉ်ပေါ်ပါရှိသူ အမျိုးသမီးကို သက်ဆိုင်ရာက ဖမ်းဆီးစစ်ဆေးလျက်ရှိကြောင်း သိရသည်။