တစ်ရွာတည်းနေသူချင်း စကားများရာက ဓားနှင့် ထိုးသတ်

တစ်ရွာတည်းနေသူချင်း စကားများရာက ဓားနှင့် ထိုးသတ်

ပင်လည်ဘူးမြို့နယ်သဒွတ်ကုန်းကျေးရွာတွင် စကားများရန်ဖြစ်ရာက ဓားနှင့်ထိုးသတ်ခဲ့မှုကို သက်ဆိုင်ရာက အောက်တိုဘာ ၁၃ ရက်တွင် အမှုဖွင့်အရေးယူထားကြောင်း သိရသည်။ 

အဆိုပါနေ့ ည ၈ နာရီခန့်တွင် ကသာခရိုင် ပင်လည်ဘူးမြို့နယ် သဒွတ်ကုန်းကျေးရွာနေ ဒေါ်မိစိန် နေအိမ်တွင်ရှိနေစဉ် အိမ်အောက်ထပ်မှဆူညံသံများကြားသဖြင့် ဆင်းကြည့်ခဲ့သည်။ နေအိမ်အောက်ထပ်တွင် သားဖြစ်သူမွှေးစုတ်(ခ)မြင့်ချိုသည်တစ်ရွာတည်းနေမောင်ပြားဆိုသူနှင့်စကားများရန်ဖြစ်နေသည်ကိုတွေ့ရပြီး မောင်ပြားက ဓားဦးချွန်နှင့်ထိုးသဖြင့် သားဖြစ်သူ၏ခန္ဓာကိုယ်တွင်ထိုးသွင်းဒဏ်ရာများရရှိသေဆုံးခဲ့သောကြောင့် အရေးယူပေးရန် သက်ဆိုင်ရာသို့ တိုင်ကြားခဲ့သည်။ 
ပင်လည်ဘူးနယ်မြေရဲစခန်းက (ပ)၉၄/၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၀၂ အရ အမှုဖွင့်ပြီး အခင်းဖြစ်စဉ် အသုံးပြုခဲ့သည့် ဓားဦးချွန်ကို သက်ဆိုင်ရာက သိမ်းဆည်းကာ ဆက်လက်အရေးယူထားသည်။