အောင်သူ၏ လက်ကောက်ဝတ်ဒဏ်ရာ တစ်လခန့်ကုသရဦးမည်

အောင်သူ၏ လက်ကောက်ဝတ်ဒဏ်ရာ တစ်လခန့်ကုသရဦးမည်

လက်ကောက်ဝတ်ဒဏ်ရာကြောင့် မြန်မာ့လက်ရွေးစင်အသင်း၏ ခြေစမ်းပွဲများတွင် ပါဝင်နိုင်ခြင်းမရှိသည့် တိုက်စစ်မှူးအောင်သူ၏ ဒဏ်ရာမှာ တစ်လခန့်ထပ်မံ၍ ကုသရဦးမည်ဖြစ်ကြောင်း သိရသည်။

ပူးတွဲလေ့ကျင့်

မြန်မာ့လက်ရွေးစင်အသင်းသည် ဆူဇူကီးပြိုင်ပွဲမတိုင်မီ နိုင်ငံတကာခြေစမ်းပွဲသုံးပွဲ ကစားခဲ့ရာတွင် အောင်သူမှာ တရုတ်လက်ရွေးစင်အသင်းနှင့်ပွဲစဉ်မှလွဲ၍ အင်ဒိုနီးရှားနှင့် ဘိုလီဗီးယားအသင်းပွဲစဉ်များ၌ ဒဏ်ရာကြောင့် ပါဝင်နိုင်ခဲ့ခြင်းမရှိခဲ့ပေ။ " ကျွန်တော်ရဲ့ဒဏ်ရာက တစ်လလောက်ထပ်ပြီး ကုသရဦးမယ်လို့ ဆရာဝန်က ပြောထားပါတယ်။ လောလောဆယ်တော့ အသင်းနဲ့အတူ ပူးတွဲလေ့ကျင့်မှုတွေ ပြုလုပ်နေပါတယ်" ဟု အောင်သူက ပြောဆိုခဲ့သည်။၎င်းသည် မြန်မာအသင်းနှင့်အတူ ဘာရိန်းနှင့် ကာတာခရီးစဉ်များသို့ လိုက်ပါမည်ဖြစ်သည်။

စိတ်ဝင်စားမှုများရှိ

တိုက်စစ်မှူးအောင်သူသည် ထိုင်းကလပ် ပူးလ်လစ်တယ်ရိုအသင်းနှင့် လိဂ်ပွဲစဉ်တွင် ယင်းဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိအချိန်တွင် ပူးလ်လစ်တယ်ရိုနှင့် အောင်သူတို့၏ စာချုက်သက်တမ်းမှာ ကုန်ဆုံးခဲ့ပြီဖြစ်ကာ ၎င်းကို ထိုင်းနှင့် ဂျပန်ကလပ်များမှ ခေါ်ယူရန် စိတ်ဝင်စားမှုများရှိနေသည်။



ဖတ်ရှုမှုအများဆုံး