လွိုင်လင်မြို့နယ်တွင် သိန်း ၁၀ဝ၀ ကျော်တန်ဖိုးရှိ စိတ်ကြွဆေးပြား ၁ သိန်းနှင့် ဘိန်းစိမ်းများကို သက်ဆိုင်ရာက အောက်တိုဘာလ ၁၃ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
အဆိုပါနေ့ နံနက် ၈ နာရီခွဲ အချိန်တွင် လွိုင်လင်မြို့နယ် ဟိုတင့်ကျေးရွာအနီး၊ လွိုင်လင်-တောင်ကြီး ကားလမ်းပေါ်တွင် တောင်ကြီးဘက်သို့ နေဝင်း(ခ)မောင်နီ ၄၈ နှစ် မောင်းနှင်လာပြီး မမူမတ်(ခ)ခင်မမ (၄၇ နှစ်)လိုက်ပါလာသည့် ကာစတန်ယာဉ်ကို မူးယစ်တပ်ဖွဲ့စု (၂၇)လွိုင်လင်မှ တပ်ဖွဲ့ဝင်များက သတင်းအရ စစ်ဆေးခဲ့သည်။
အဆိုပါယာဉ်ပေါ်တွင် WY ပန်းရောင်စိတ်ကြွရူးသွပ်ဆေးပြား ၁ သိန်း (ဒေသကာလပေါက်ဈေးတန်ဖိုးငွေ သိန်း ၁ဝဝဝ ကျပ်)၊ဘိန်းစိမ်း ၁.၅ ကီလို(ဒေသကာလ ပေါက်ဈေးတန်ဖိုးငွေ ၉ သိန်းကျပ်) လက်ကိုင်ဖုန်း ၂ လုံးနှင့် မြန်မာငွေ ၂၁၅ဝဝဝ ကျပ်တို့ကို တွေ့ရှိသိမ်းဆည်းရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။
လွိုင်လင် မြို့မရဲစခန်းက မယ(ပ) ၂၁/၂၀၁၈၊ မူးယစ်ပုဒ်မ ၁၉(က)/၂ဝ(က)/၂၁ အရ အမှုဖွင့်အရေးယူထားသည်။

















