တောင်ကိုရီးယားတွင် ပြီးခဲ့သည့်လက အလုပ်အကိုင်သစ်ဖန်တီးပေးနိုင်မှု တိုးတက်နေ သည့်တိုင် ကိုးလဆက်တိုက်ကြာသည်အထိ အလုပ်လက်မဲ့တစ်သန်းကျော် ကျန်ရှိနေဆဲ ဖြစ်ကြောင်း အစိုးရအစီရင်ခံစာက ဆိုသည်။
အောက်တိုဘာ ၁၂ ရက်ကဖော်ပြသည့် အစီရင်ခံစာအရ စက်တင်ဘာလတွင် အလုပ်အကိုင်ရှိသူ ၂၇၀၅၅၀ဝ၀ ဦးရှိပြီး လွန်ခဲ့ သည့်တစ်နှစ်ကထက် ၄၅၀ဝ၀ ဦးတိုးလာကြောင်း သိရသည်။ စက်တင်ဘာလအတွင်း အလုပ်အကိုင်ဖန်တီးမှုများတွင် ကျန်းမာရေး၊ လူမှုဖူလုံရေး၊ ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်၊ စိုက်ပျိုးရေးကဏ္ဍများတွင် တိုးတက်ခဲ့ကြောင်းသိရသည်။
စက်တင်ဘာလ အတွင်း အလုပ်လက်မဲ့စုစုပေါင်းမှာ ၁၀၂၄၀ဝ၀ ဦးရှိလာပြီး ယမန်နှစ်ကာလတူထက် ၉၂၀ဝ၀ ဦးတိုးလာသည်။ ယင်းမှာ တောင်ကိုရီးယားတွင် အလုပ်အကိုင်သစ်ဖန်တီးပေး နိုင်မှုတိုးတက်နေသည့်တိုင် ကိုးလဆက်တိုက်ကြာသည်အထိ အလုပ်လက်မဲ့တစ်သန်းကျော် ကျန်ရှိနေခြင်းဖြစ်သည်။
အသက် ၁၅ နှစ်မှ ၂၉ အကြား လူငယ်အလုပ်လက်မဲ့နှုန်းမှာ စက်တင်ဘာလအတွက် ၈ ဒသမ ၈ ရာခိုင်နှုန်းဖြစ်ပြီး ယမန်နှစ်ကာလတူထက် သုည ဒသမ ၄ ရာခိုင်နှုန်းကျဆင်းခဲ့သည်။
















