ကန်ရင်းနှီးမြှပ်နှံမှုကုမ္ပဏီ ဂျေပီမော်ဂန်နှင့် ဖို့ဒ်ကားကုမ္ပဏီအကြီးအကဲများ ဆော်ဒီ၏ ရင်းနှီးမြှုပ်နှံသူများညီလာခံသို့ တက်ရောက်ရန်အစီအစဉ်ရုပ်သိမ်

ကန်ရင်းနှီးမြှပ်နှံမှုကုမ္ပဏီ ဂျေပီမော်ဂန်နှင့် ဖို့ဒ်ကားကုမ္ပဏီအကြီးအကဲများ ဆော်ဒီ၏ ရင်းနှီးမြှုပ်နှံသူများညီလာခံသို့ တက်ရောက်ရန်အစီအစဉ်ရုပ်သိမ်

အမေရိကန် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ ဂျေပီမော်ဂန်နှင့် ချေ့စ်တို့၏ စီအီးအို ဂျေမီဒီမန်နှင့် ဖို့ဒ်မော်တာကုမ္ပဏီဥက္ကဌ ဘီလ်ဖို့ဒ်တို့သည် ဆော်ဒီ၌ ကျင်းပမည့် ရင်းနှီးမြှုပ်နှံသူများညီလာခံသို့ တက်ရောက်ရန် အစီအစဉ်အား ဖျက်သိမ်းလိုက်ကြောင်း သိရသည်။

ယင်းသတင်းက ယင်းညီလာခံတက်ရောက်မည့် အခြားအမေရိကန်ရင်းနှီးမြှုပ်နှံသူများ၊ ဘဏ်များအတွက် ဖိအား ဖြစ်စေခဲ့သည်။ ဂျေမီမော်ဂန်ကော ဖို့ဒ်ကပါ ရီယာ့ဒ်တွင်ကျင်းပမည့် အနာဂတ်ရင်းနှီးမြှုပ်နှံမှုသဘောထားညီလာခံသို့ မတက်ရောက်ရန် ဆုံးဖြတ်ခဲ့ခြင်းတွင် ဆော်ဒီဂျာနယ်လစ် ဂျမဲလ် ခါရှောဂီပျောက်ဆုံးမှု စိုးရိမ်ပူပန်ခြင်းအပေါ် မှတ်ချက်မပေးခဲ့ခြင်းသည် တစ်ချက်ဖြစ်ကြောင်း ကုမ္ပဏီများက ပြောဆိုခဲ့သည်။
    အမေရိကန်တွင် လက်ရှိနေထိုင်သူ၊ ဝါရှင်တန်ပို့စ်ဆောင်းပါးရှင်ဖြစ်ကာ ဆော်ဒီဘုရင့်မိသားစုကို ပြင်းပြင်းထန်ထန် ဝေဖန်လေ့ရှိသူ ခါရှောဂီသည် အောက်တိုဘာ ၂ ရက်က တူရကီနိုင်ငံ အစ္စတန်ဘူလ်ရှိ ဆော်ဒီကောင်စစ်ရုံးအတွင်း ဝင်ရောက်ခဲ့ရာမှ ပျောက်ဆုံးသွားခဲ့သည်။ ရုံးတွင်း၌ ခါရှောဂီအသတ်ခံလိုက်ရပြီး အလောင်းကို ဖယ်ရှားလိုက်ပြီဟု တူရကီတို့က ယုံကြည်ပြီး ဆော်ဒီတို့က ငြင်းဆိုထားသည်။
    ဆော်ဒီအာရေဗျနိုင်ငံ၊ ရီယာ့ဒ်မြို့တွင် ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုညီလာခံသည်  ကမ္ဘာ့အကြီးကျယ်ဆုံး ကုမ္ပဏီများနှင့် မီဒီယာအဖွဲ့အစည်းများမှ တာဝန်ရှိသူအချို့ကို ဆွဲဆောင်လေ့ရှိသည်။ သို့သော် ယခုအခါ ခါရှောဂီ ပျောက်ဆုံးမှုအတွက် စိုးရိမ်ပူပန်မှုများကို ဖော်ပြသည့်ယာဉ်ရထားသဖွယ် ဖြစ်လာသည်။ ယင်းကိစ္စအတွက် ဆော်ဒီကို အမေရိကန်လက်နက်မရောင်းရန် ဆုံးဖြတ်လျှင် အမေရိကန်များ မိမိကိုယ်မိမိ ဒဏ်ခတ်ရာရောက်မည်ဟု သမ္မတထရမ့်က ပြောဆိုခဲ့သည်။
    စီအင်န်အင်န်၊ ဖန်နင်ရှယ်တိုင်းမ်၊ နယူးယောက်တိုင်းမ်၊ စီအင်န်ဘီစီနှင့် ဘလွမ်းဘာ့ဂ်ကဲ့သို အဓိကမီဒီယာ အဖွဲ့အစည်းများလည်း ကွန်ဖရင့်ကို တက်ရောက်ကြမည် မဟုတ်ချေ။ ဖောက်စ် စီးပွားရေးသတင်းကွန်ရက်သည်သာ ကွန်ဖရင့်သို့ဦးတည်ဆဲဖြစ်ပြီး ရိုက်တာသတင်းဌာနက ဆုံးဖြတ်ချက်ကို ပြန်သည်သုံးသပ်နေသည်။ အူဘားစီအီးအို၊ ဗီယာကွန် စီအီးအိုနှင့် အေအိုအယ်လ်ပူးတွဲတည်ထောင်သူတို့လည်း တက်ရောက်မည်မဟုတ်ချေ။