ရွှေခါးပတ်ချန်ပီယံများ စိန်ခေါ်ပွဲ၌ စိုးလင်းဦး အလဲထိုးအနိုင်ရ

ရွှေခါးပတ်ချန်ပီယံများ စိန်ခေါ်ပွဲ၌ စိုးလင်းဦး အလဲထိုးအနိုင်ရ

မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်မှ ကြီးမှူးပြီး AH – GA Fighter Group နှင့် H & S Group တို့ကျင်းပသော မြန်မာ၊ထိုင်း၊ဥဇဘက်ကစ္စတန် ကစားသမားများပါဝင်သည့် မြန်မာ့ရိုးရာလက်ဝှေ့စိန်ခေါ်ပွဲကို အောက်တိုဘာ ၁၄ရက် မွန်းလွဲ၂နာရီက သိမ်ဖြူလက်ဝှေ့ရုံ၌ ကျင်းပခဲ့ရာ အဓိကခေါင်ပွဲတွင် စိုးလင်းဦးက ဖွားဆိုလ(ထိုင်း)ကို အလဲထိုးအနိုင်ရခဲ့သည်။

အစားထိုးယှဉ်ပြိုင်

အဆိုပါပြိုင်ပွဲတွင် တွဲဆိုင်း ၇ဆိုင်းယှဉ်ပြိုင် ထိုးသတ်ခဲ့ကြပြီး ရဲတံခွန်နှင့် ကျားပေါက်တွဲဆိုင်းတွင် ကျားပေါက်ပွဲမဝင်နိုင်၍ ယင်းတွဲဆိုင်းနေရာ၌ ဟံသာဝတီသားနှင့် ဆူးမိုက်တွဲဆိုင်းအား အစားထိုးယှဉ်ပြိုင်ခဲ့ရာ သရေပွဲဖြင့် အဆုံးသတ်ခဲ့သည်။ ထို့နောက် လင်းထက်အောင်နှင့် စိုးဝင်းသန်း ၊ သက်ပိုင်အောင်နှင့် သပြေအောင်တို့ပွဲများမှာလည်း သရေပွဲဖြင့်ပြီးဆုံးခဲ့ပြီး ကောင်းကောင်းနှင့် စိန်လုံးချောပွဲတွင် ကောင်းကောင်းက အနိုင်ရခဲ့သည်။

ပူးတွဲသရေ

အဓိကတွဲဆိုင်းအဖြစ် စိုးလင်းဦးနှင့် ထိုင်းနိုင်ငံသား ဖွားဆိုလပွဲတွင် စိုးလင်းဦးအနိုင်ရခဲ့ပြီး သွေးသစ်ဝင်းလှိုင်နှင့် ထိုင်းနိုင်ငံသား ဖစ်ဆာငွန်တို့ပွဲတွင် သွေးသစ်ဝင်းလှိုင်က အနိုင်ရခဲ့သည်။ ဖျံသွေးနှင့် မွေထိုင်းရွှေခါးပတ်ချန်ပီယံ ဥဇဘက်ကစ္စတန်နိုင်ငံသား တူတာဗို့တို့ပွဲ၌လည်း ပူးတွဲသရေကျခဲ့သည်။



ဖတ်ရှုမှုအများဆုံး