ကော့သောင်းခရိုင် အဝေးပြေးလမ်းမတစ်လျှောက် စားသောက်ဆိုင်များ တားမြစ်တောကောင်အသားများရောင်းချနေဆဲ

ကော့သောင်းခရိုင် အဝေးပြေးလမ်းမတစ်လျှောက် စားသောက်ဆိုင်များ တားမြစ်တောကောင်အသားများရောင်းချနေဆဲ

ကော့သောင်းခရိုင်အတွင်းရှိ အဝေးပြေး ကားလမ်းမတစ်လျှောက်ရှိထမင်းဆိုင်တချို့ တွင် သစ်တောဌာနမှ တားမြစ်ထားသည့် အမိန့်ကြော်ငြာစာကိုဆိုင်အတွင်း၌ ကပ်ထား သော်လည်းတောရိုင်းတိရစ္ဆာန်တို့၏ အသား များကိုဟင်းလျာအဖြစ် ရောင်းချနေကြဆဲဖြစ် ကြောင်း ဒေသခံတချို့နှင့် ယာဉ်မောင်းများ က ပြောဆိုကြသည်။

ကော့သောင်းခရိုင်အတွင်း အဝေးပြေးကားလမ်းတစ်လျှောက်ရှိအေးမြသာယာ၊ နန်း တောင်၊ ပြည်ကြီးမဏ္ဍိုင်၊ ရေဖြူ၊ ကရသူရိ၊ ရွာသာရွာ၊ မလိဝန်း၊ ထင်းမယ်၊ ချောင်းလမု၊ ချောင်းနောက်ပြန် စသည့်ရွာများရှိထမင်း ဆိုင်များတွင် သင်းခွေချပ်၊ တောဝက်၊ တော ကြောင်၊ ဆတ်၊ ချေ၊ မျောက်နှင့် ငှက်များ၏ အသားများကိုဟင်းလျာအဖြစ် ချက်ပြုတ် ရောင်းချနေခြင်းဖြစ်သည်။

ပေါ်ပေါ်တင်တင်ရောင်းချ

တောကောင်အသားဟင်းလျာများကိုစာဖြင့်ရေးသားခြင်းမရှိဘဲရောင်းချနေသည်များရှိသကဲ့သို့ တချို့ဆိုင်များက ပေါ်ပေါ် တင်တင်ရောင်းချနေကြောင်း အဆိုပါလမ်း တွင် အဝေးပြေးခရီးသည်တင်ယာဉ်မောင်း နှင်သူတစ်ဦးက ပြောဆိုသည်။

"ကားသမားတွေအမြဲရပ်နားလေ့ရှိတဲ့ တချို့ဆိုင်ကြီးတွေမှာဆိုရင် အိုးအဖုံးမှာတော ကောင်အမည်ကိုစာရေးပြီး ကပ်ထားတယ်၊ ပေါ်တင်ပဲ" ဟု ၎င်းက ပြောဆိုသည်။

သစ်တောဌာနမှ ထုတ်ပြန်ထားသည့် စည်းကမ်းချက်များအားမလိုက်နာနိုင်ခြင်းမှာ တောရိုင်းတိရစ္ဆာန်များနှင့် ပတ်သက်သည့် အသိပညာပေးမှု အားနည်းနေခြင်းသို့မဟုတ် ယင်းဒေသခံများ၏ စားဝတ်နေရေးကြောင့် ဖြစ်နိုင်ကြောင်း ရပ်ရွာအခြေပြု တောရိုင်း

တိရစ္ဆာန်ထိန်းသိမ်းရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ပြည်ကြီးမဏ္ဍိုင်မြို့ ရပ်ကျေးအုပ်ချုပ်ရေးမှူး ဦးညီညီထွန်းက ပြောဆိုသည်။

သစ်တောဌာနနှင့် အင်န်ဂျီအို အဖွဲ့အစည်း များအနေဖြင့် ယင်းကိစ္စနှင့်ပတ်သက်ပြီးအသိ ပေးဆိုင်းဘုတ်ထောင်ခြင်း၊ လက်ကမ်းစာ စောင်များဝေငှခြင်းနှင့် အသိပညာပေးဟော ပြောခြင်းများကို အခါအားလျော်စွာပြုလုပ်သင့် ကြောင်း ၎င်းကပြောဆိုသည်။

အရေးယူနိုင်

ယင်းသို့ တောကောင်သားများရောင်းချ ခြင်းနှင့်ပတ်သက်ပြီး တိုင်ကြားလျှင်ဖြစ်စေ၊ စစ်ဆးတွေ့ရှိလျှင်ဖြစ်စေ ပြစ်မှုထင်ရှားပါက ၂၀၁၈ ခုနှစ် မေ ၂၁ ရက်ကအသစ်ပြဋ္ဌာန်း ထားသည့် ဇီဝမျိုးစုံမျိုးကွဲနှင့် သဘာဝထိန်း သိမ်းရေးနယ်မြေများကာကွယ်စောင့်ရှောက် ရေးဆိုင်ရာဥပဒေအရအရေးယူနိုင်ကြောင်း ကော့သောင်းမြို့နယ်သစ်တောဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးမိုးလွင်က ပြောဆိုသည်။

သာမန်ကာကွယ်ထားသောတောရိုင်း

တိရ စ္ဆာန်များအတွက် အထက်ပါဥပဒေ-ပုဒ်မ ၄၀(က)အရ ဒဏ်ငွေကျပ်သုံးသိန်းမှ ၁၀ သိန်း အထိ သို့မဟုတ် ငါးနှစ်ထက်မပိုသောထောင် ဒဏ်ရှိပြီးလုံးဝကာကွယ်ထားသောတောရိုင်းတိရစ္ဆာန်များအတွက်- ပုဒ်မ ၄၁(က)အရ သုံး နှစ်မှ ၁၀ နှစ်အထိအပြင် ငွေဒဏ်ပါချမှတ် နိုင်ကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး