လေးမြို့ မြစ်ကမ်းပါးပြိုကျ ပန်းမြောင်းကျေးရွာ နေအိမ်များ အရေးပေါ်ဖြိုဖျက်

လေးမြို့ မြစ်ကမ်းပါးပြိုကျ ပန်းမြောင်းကျေးရွာ နေအိမ်များ အရေးပေါ်ဖြိုဖျက်

ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ရှိ လေးမြို့ မြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးများ ပြိုကျလာသဖြင့် မြစ်အနီးရှိ ပန်းမြောင်း တိုက်နယ်ကျေးရွာမှ နေအိမ် ငါးလုံးနှင့် ဆိုင် ခန်း နှစ်ခန်းကို အောက်တိုဘာ ၁၃ ရက်က အရေးပေါ် ဖြိုဖျက်ခဲ့ရကြောင်း ဒေသခံများ ထံမှ သိရသည်။

နှစ်စဉ်ပြိုကျ

မင်းပြားမြို့နယ်ရှိ ပန်းမြောင်းတိုက်နယ် ကျေးရွာမှာ လေးမြို့မြစ်ကမ်းနံဘေးတွင်တည်ရှိ ပြီး အိမ်ထောင်စု ၁၆၀ဝ ဝန်းကျင်နှင့် လူဦးရေ ၈၀ဝ၀ ကျော်နေထိုင်ကာ နှစ်စဉ် လေးမြို့မြစ်ကမ်း ပါးပြိုပျက်ကျသည်ဒဏ်ကို ဒေသခံများ ခံစားနေ ရကာ မြစ်ကမ်းပါးမှာ ပေ ၂၀ ကျော်အထိ နှစ်စဉ်ပြိုကျနေကြောင်းသိရသည်။

မတားဆီးနိုင်သေး

"အိမ်ငါးလုံးနဲ့ ဆိုင်ခန်း နှစ်ခန်းပါ။ မနေ့ ကတည်းကစဖြိုတာပါ။ ဒီကနေ့ ကမ်းပါးထပ် ပြိုတော့ အားလုံးပြိုသွားတယ်။ သူတို့ လောလော ဆယ် ဆွေမျိုးအိမ်တွေမှာ တည်းခိုနေကြ တယ်။ ဦးယဉ်သာရပ်ကွက်ကမ်းဘက်က ထပ် ပြိုတာပါ။ ဒီနေ့မိုးများရင် ဆက်ပြီးအိမ်တွေ ထပ်ပြိုနိုင်သေးတယ်"ဟု ပန်းမြောင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးတင်အောင်ကျော်က ပြော ဆိုသည်။

လေးမြို့မြစ်ကမ်းပြိုကျနေခြင်းကို တာဆီး ရေးစီမံကိန်းများ၊ ကမ်းထိန်းနံရံများ နှစ်စဉ် ပြုလုပ်လေ့ရှိသော်လည်း ထိရောက်အောင်မြင် မှုမရှိကြောင်း ဒေသခံတို့က ပြောဆိုသည်။

"အခုရက်ပိုင်း မုန်တိုင်းအရှိန်နဲ့ မိုးကြီးတာ ကတစ်ကြောင်း၊ ကမ်းကတဖြည်းဖြည်း ပြိုပျက် နေတယ်။ အစဉ်အလာလိုဖြစ်နေပြီ"ဟု ပန်း မြောင်းဒေသခံ ကိုစောထွန်းအောင်က ပြောဆို သည်။

အဆိုပါ ပန်းမြောင်းတိုက်နယ်ကျေးရွာရှိ လေးမြို့မြစ်ကမ်းပြိုကျခြင်းကို တားဆီးရေး စီမံကိန်းအဖြစ် ၂၀၁၂ ခုနှစ်မှစ၍ နှစ်စဉ်နှစ်တိုင်း ရခိုင်ပြည်နယ်အစိုးရအနေဖြင့် တစ်နှစ်လျှင် ကျပ်သန်း ၂၀ဝ ခန့်အထိ ဘတ်ဂျက်ချထားပေး လေ့ရှိသော်လည်း ကမ်းပါးပြိုကျခြင်းကို မတား ဆီးနိုင်သေးကြောင်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး