တပ်မတော်သုံးလေယာဉ်နှစ်စီး မင်းဘူးမြို့နယ်အတွင်း ပျက်ကျပြီး သုံးဦးသေဆုံး

တပ်မတော်သုံးလေယာဉ်နှစ်စီး မင်းဘူးမြို့နယ်အတွင်း ပျက်ကျပြီး သုံးဦးသေဆုံး

တပ်မတော်သုံးလေယာဉ်နှစ်စီး မင်းဘူးမြို့နယ်အတွင်း ပျက်ကျပြီး သုံးဦးသေဆုံးမှု ယနေ့အောက်တိုဘာ ၁၆ ရက် နံနက် ၇ နာရီခွဲဝန်းကျင်က ဖြစ်ပွားခဲ့သည်။ 

ဆားပွက်ချောင်း သောင်ခုံသို့ လေယာဉ်တစ်စီး ပျက်မကျမီ တာဝါတိုင်တစ်ခုနှင့် ညောင်ပင်တစ်ပင်ကို ဝင်တိုက်မိခဲ့သည်။ လေယာဉ် အပျက်အစီးများထဲတွင် လေယာဉ်မှူးအလောင်းကို လေထီးနှင့်အတူ တွေ့ရှိခဲ့ကာ စာသင်ဝိုင်း၌ စာသင်နေသည့် ၅တန်းကျောင်းသူ မိန်းကလေးတစ်ဦးကိုလည်း အဆိုပါ ပျက်ကျသည့်လေယာဉ်အပိုင်းအစထိမှန်ပြီး သေဆုံးခဲ့သည်။

ထို့အတူ မင်းဘူးမြို့ သနပ်ပင်စုကျေးရွာအနီးလယ်ကွင်းအတွင်းသို့လည်း ယနေ့နံနက်ပိုင်း၌ပင် တပ်မတော်သုံးလေယာဉ်တစ်စီး ပျက်ကျခဲ့သဖြင့် လေယာဉ်မှူး သေဆုံးခဲ့သည်။

“ တပ်မတော်လေက စစ်​​ဆေး​နေပါတယ်​။  ​လေယာဉ်​နှစ်စီးပျက်​ကျတာမှန်​ပါတယ်​။အသေးစိတ် စုံစမ်းနေတုန်းပါ။ ​ပြောလို့မရ​သေးဘူး ´´ဟု မင်းဘူး မြို့မရဲတပ်ဖွဲ့စခန်းမှ ရဲအရာရှိတစ်ဦးက ​ပြောသည်။
သေဆုံးသူများမှာ မကွေးလေတပ်စခန်းဌာနချုပ်မှ အသက် ၂၈ နှစ်အရွယ် ဗိုလ်ကြီး ဖြိုးမောင်မောင်နှင့် အသက် ၃၁ နှစ်အရွယ်ဗိုလ်ကြီးဟိန်းသူအောင်တို့ဖြစ်ပြီး လေ့ကျင့်ပျံသန်းမှုများပြုလုပ်ပြီးနောက် လေတပ်စခန်းဌာနချုပ်သို့ ပြန်လာစဉ် ပျက်ကျခဲ့ခြင်း ဖြစ်သည်။လေယာဉ်နှစ်စီးပျက်ကျမှုကြောင့် သေဆုံးသူသုံးဦးရှိခဲ့သည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး