မင်းကင်းရွှေစကားဘုရားပွဲတော် လောင်းလှေပြိုင်ပွဲ ပြန်လည်ကျင်းပရေးစီစဉ်

မင်းကင်းရွှေစကားဘုရားပွဲတော် လောင်းလှေပြိုင်ပွဲ ပြန်လည်ကျင်းပရေးစီစဉ်

စစ်ကိုင်းတိုင်းဒေသကြီး ကလေးခရိုင် မင်းကင်းမြို့ ချင်းတွင်းမြစ်ရေပြင်တွင် လွန်ခဲ့ သော နှစ်၃၀ခန့်က ကျင်းပခဲ့သည့် လောင်းလှေ ပြိုင်ပွဲကို ရွှေစကားဘုရားပွဲတော်၌ ပြန်လည် ကျင်းပရန်စီစဉ်လျက်ရှိကြောင်း သိရသည်။

ဆွမ်းလောင်းလှူ

"ရှေးလောင်းလှေကြီးတွေနဲ့ ပြိုင်ပွဲလုပ်ဖို့ စီစဉ်နေတာပါ။ လောလောဆယ်တော့ လောင်း လှေလေးစင်းသာ ပြိုင်ဖို့ရှိသေးတာပါ။ ကျွန်း တော်ရွာ၊ ယုန်သာရွာ၊ ကျေးတောင်ဦးရွာနဲ့ ခုံသာရွာတွေက ရှေးလောင်းလှေတွေ လာပြိုင် ကြမှာပါ။ ဘယ်နှဦးလှော်မယ်၊ ဘယ်လိုပုံစံနဲ့ လုပ်မယ်ဆိုတာကတော့ တိုင်ပင်စီစဉ်နေတုန်း ပါ။ ရွှေစကားဘုရားပွဲရောက်ရင် အဝေးရောက် မင်းကင်းနယ်သားတွေ ပြန်စုကြတာနှစ်တိုင်း ပါပဲ။ သီတင်းကျွတ်လပြည့်ကျော် ၅ ရက် ကနေ ၈ ရက်အထိကျင်းပတာ အတော်စည်ကား တဲ့ပွဲပါ။ ၈ ရက်မှာ စာရေးတံမဲဆွမ်းလောင်း လှူလာတာနှစ်ကို မနည်းတော့ဘူး"ဟု မင်းကင်း ဒေသခံ ဦးကျော်မင်းအောင်က ပြောဆိုသည်။

မင်းကင်းမြို့ ရွှေစကားဘုရားပွဲတော်ကိုနှစ်စဉ်သီတင်းကျွတ်လပြည့်ကျော် ၅ ရက်မှ ၈ ရက်အထိ ကျင်းပရာ ၅ ရက်တွင် ရွှေစကား ဘုရား၊ မြသိန်းတန်ဘုရား၊ သင်္ကန်းနက်ဘုရား၊ ရတနာမဉ္ဇူဘုရားများကို ဆွမ်းတော်ကြီး အဖွဲ့များ၊ ဝတ်အသင်းဝင်များက မင်းကင်းမြို့ တွင်း လှည့်လည်အပူဇော်ခံကာ ရွှေကျောင်း တော်ကြီးသို့ ပင့်ဆောင်ပူဇော်ကြသည်။

ရုပ်ပွားတော်ကိုးဆူ

ရွှေစကားဘုရားရုပ်ပွားတော်ကို လွန်ခဲ့ သောနှစ်ပေါင်း ၈၀ဝ ကျော်မှစ၍ အုတ်ရိုး ပုထိုးတော်နှင့်တကွ တည်ထားသောတန်ခိုး ကြီး ရုပ်ပွားတော်ဖြစ်သည်။ နရပတိစည်သူ မင်းကြီးသည် လှေတော်ဦးစကားရွက်တိုင်ကို အညီအမျှပိုင်း၍ ရုပ်ပွားတော် ကိုးဆူထုလုပ် ကာ စူးစာ၊ ဆောက်စာရသော စကားသား အပိုင်းအစများကို မံဘုရား ၁၀ ဆူပြုလုပ်ရာ မင်းကင်းမြို့မှ ရွှေစကားရုပ်ပွားတော်အပါ အဝင်ဖြစ်သည်။

မှတ်တမ်းရှိ

"ရွှေစကားဘုရားရုပ်ပွားတော်ကို ဖောင်နဲ့ တင်ပြီး ချင်းတွင်းမြစ်မှာချတဲ့အခါ အထက် ကို ဆန်တက်ဖူးတယ်လို့ ရှေးကတည်းက မှတ်တမ်းတင်ထားကြပါတယ်"ဟု မင်းကင်း ဒေသခံသက်ကြီးတစ်ဦးက ပြောဆိုခဲ့သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး