နတ်မြစ်အတွင်း မသင်္ကာဖွယ် သစ်သားလက်ခတ်လှေပေါ်ပါ ၃ ဦးကိုစစ်ဆေးရာမှ တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် သယ်လာသည့် စိတ်ကြွဆေးပြား သိန်းနှင့်ချီကို သက်ဆိုင်ရာက ယနေ့ အောက်တိုဘာ ၁၆ ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။
ယနေ့နံနက် ၃ နာရီ ၄၅ မိနစ်တွင် မြန်မာနိုင်ငံဘက်ခြမ်း ဦးစောလှကျွန်း မြောက်ဘက်အနီး၌ မသင်္ကာဖွယ်သစ်သားလက်ခတ် လှေတစ်စီးကို လုံခြုံရေးတပ်ဖွဲ့ဝင်များက နတ်မြစ် အတွင်းလှည့်ကင်းဆောင်ရွက်စဉ် တွေ့ရှိရသဖြင့် ဖမ်းဆီးစစ်ဆေးခဲ့သည်။
အဆိုပါလှေပေါ်တွင် မောင်တောမြို့နယ်၊ ဦးရှည်ကျကျေးရွာနေ ရော်ရှီးတာမောက်(၃၂)နှစ်ပါအမျိုးသား ၃ ဦးကို WY/R စာတမ်းပါစိတ်ကြွဆေးပြား ၁၁၇၀ဝ၀ (တန်ဖိုး၂၃၄၀ဝ၀ဝ၀ဝ ကျပ်) နှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့် ငါးခူရနယ်မြေရဲစခန်းက မူးယစ်(ပ) ၁၃/၁၈၊ မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ၁၉(က)/၂၀(ခ)/၂၁ အရ အမှုဖွင့်စစ်ဆေးခဲ့သည်။
ဖမ်းဆီးရမိသည့် စိတ်ကြွဆေးပြားများကို တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် ၄င်းတို့သယ်ဆောင်လာခြင်းဖြစ်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်။

















