၂၀၁၈ ခုနှစ် လက်ကျန်ကာလတွင် မုန်တိုင်း ထပ်မံဖြစ်လာနိုင်ဖွယ်ရှိဟု ဒေါက်တာထွန်းလွင် ပြော

၂၀၁၈ ခုနှစ် လက်ကျန်ကာလတွင် မုန်တိုင်း ထပ်မံဖြစ်လာနိုင်ဖွယ်ရှိဟု ဒေါက်တာထွန်းလွင် ပြော

၂၀၁၈ ခုနှစ် လက်ကျန်ကာလတွင် မုန်တိုင်းဖြစ်လာနိုင်ရန် ကျန်နေသေးပြီး အနည်းဆုံး မုန်တိုင်း ၂ လုံး ထပ်ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က အောက်တိုဘာ ၁၆ ရက်၌ ၎င်း၏ လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။

“ မုန်တိုင်းဖြစ်တဲ့ ရာသီကုန်ပြီလားမေးရင် မကုန်သေးဘူး။ မိုးလွန်ကာလတစ်ခုလုံးမှာ မုန်တိုင်းဖြစ်လာနိုင်တယ်။ အထူးသဖြင့် နိုဝင်ဘာလကုန်တဲ့အထိ မုန်တိုင်းကဖြစ်ကို ဖြစ်ဦးမှာပါ။ လာဦးမယ်လို့လဲ ထင်ပါတယ်။ စောင့်ကြည့်ရမှာပါ။ ဖြစ်တဲ့အခါကျရင်လည်း ကြိုတင်သတိပေးချက်တွေ ထုတ်ပြန်ချက်တွေပေးသွားမှာပါ။ စောင့်ကြည့်ဖို့တော့ လိုပါတယ်” ဟု ၎င်းက ပြောသည်။ 

လက်ရှိအချိန်တွင် ကပ္ပလီပင်လယ်ပြင်နှင့် ဘင်္ဂလားပင်လယ်အော်တောင်ပိုင်းတို့၌ တိမ်အသင့်အတင့်မှ တိမ်ထူထပ်နေပြီး၊ ကျန်ဘင်္ဂလားပင်လယ်အော်တွင် တိမ်အသင့်အတင့် ဖြစ်ထွန်းနေကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ အောက်တိုဘာ ၁၇ ရက်၌တနင်္သာရီတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်(တောင်ပိုင်း၊အရှေ့ပိုင်း)နှင့် ကယားပြည်နယ်တို့တွင် နေရာကျဲကျဲနှင့် ကျန်တိုင်းဒေသကြီးနှင့် ပြည်နယ်တို့တွင် နေရာကွက်ကျား မိုးထစ်ချုန်းရွာမည်ဖြစ်ကြောင်း၊ မြန်မာ့ပင်လယ်ပြင် တွင် လှိုင်းအနည်းငယ်မှ အသင့်အတင့်ရှိမည်ဖြစ်ပြီး လှိုင်းအမြင့်မှာ မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် (၃)ပေမှ (၅)ပေခန့် ရှိနိုင်ကြောင်းလည်း မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး