အချုပ်ခန်းဖောက်ပြေးသူ အချုပ်သား နှစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးစဉ် တစ်ဦးသေဆုံး

အချုပ်ခန်းဖောက်ပြေးသူ အချုပ်သား နှစ်ဦးကို သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးစဉ် တစ်ဦးသေဆုံး

လားရှိုးမြို့တွင် တရားရုံး၏ယာယီအချုပ်ခန်းခေါင်းမိုးကို ဖောက်၍ ထွက်ပြေးသူ အချုပ်သား နှစ်ဦးအား သေနတ်ဖြင့်ပစ်ခတ်ဖမ်းဆီးစဉ် တစ်ဦးသေဆုံးခဲ့မှု အောက်တိုဘာ ၁၅ ရက် မွန်းလွဲ ၃ နာရီခွဲခန့်က ဖြစ်ပွားခဲ့သည်။ 

 မြို့နယ်တရားတွင် ရုံးတင်စစ်ဆေးရန်ချုပ်နှောင်ထားစဉ် ယာယီ အချုပ်ခန်းခေါင်မိုးကို ဖောက်ထွင်းထွက်ပြေးခဲ့ခြင်းဖြစ်သည်။ ထိုသို့ဖောက်ထွက်ပြေးစဉ်လုံခြုံရေးကင်းအဖွဲ့က တွေ့ရှိ ပစ်ခတ်ဖမ်းဆီးရာ သံဆူးကြိုးနှင့် ခြစ်မိခဲ့ပြီး သေနတ်ကျည်တစ်ချက် ထိမှန်ခဲ့သည်။

ယင်းဒဏ်ရာဖြင့် အချုပ်ခန်းနောက်ဘက်လမ်းကြားထဲတွင် ဖမ်းဆီးရမိခဲ့ပြီး ဆေးရုံသို့ပို့ဆောင်စဉ် သေဆုံးခဲ့သည်။ ကျန်တစ်ဦးကို တရားရုံးအနီးဘူတာလမ်းမကြီးပေါ်တွင် ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပြီး ဆက်လက်အရေးယူထားသည်။