ထိုင်းလူငယ်အလေးမပြိုင်ပွဲ၌ ရွှေ၃၊ငွေ ၅နှင့်ကြေး၁ခုရခဲ့သည့် အောင်ပွဲရ မြန်မာအလေးမအဖွဲ့အား ရန်ကုန်လေဆိပ်၌ ဂုဏ်ပြုကြိုဆို

ထိုင်းလူငယ်အလေးမပြိုင်ပွဲ၌ ရွှေ၃၊ငွေ ၅နှင့်ကြေး၁ခုရခဲ့သည့် အောင်ပွဲရ မြန်မာအလေးမအဖွဲ့အား ရန်ကုန်လေဆိပ်၌ ဂုဏ်ပြုကြိုဆို

ထိုင်းနိုင်ငံ၊ဗန်ကောက်မြို့တွင် အောက်တိုဘာ ၁၀ရက်မှ ၁၅ရက်အထိ ကျင်းပခဲ့သည့် ဒုတိယအကြိမ်မြောက် EGAT Kings Cup 2018 လူငယ်အလေးမပြိုင်ပွဲတွင် ရွှေတံဆိပ်၃ခု၊ ငွေတံဆိပ် ၅ခုနှင့် ကြေးတံဆိပ် ၁ခုရရှိခဲ့သော အောင်ပွဲရ မြန်မာအလေးမအဖွဲ့သည် အောက်တိုဘာ ၁၆ရက်က ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ပြန်လည်ရောက်ရှိလာရာ တာဝန်ရှိသူများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

ဆွတ်ခူးနိုင်ခဲ့

မြန်မာလူငယ်အလေးမအဖွဲ့သည် ပြိုင်ပွဲသို့ အမျိုးသား နှစ်ဦး၊ အမျိုးသမီးနှစ်ဦး ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ပြိုင်ပွဲဝင်၄ဦးစလုံး ဆုတံဆိပ်များ ထိုက်ထိုက်တန်တန်ဆွတ်ခူးနိုင်ခဲ့သည်။ ပြိုင်ပွဲတွင် မြန်မာမှ ဇင်မေဦးက ၄၈ကီလိုတန်းအမြန်မ၊ နှစ်ဆင့်မနှင့် စုစုပေါင်းစံချိန် (၁၇၅)ကီလိုတန်းတို့တွင် စုစုပေါင်း ရွှေတံဆိပ် ၃ ခု ရရှိခဲ့သည်။ ၆၂ကီလိုတန်းပြိုင်ပွဲတွင် ကောင်းဆက်နိုင်က နှစ်ဆင့်မစံချိန် (၁၄၀)ကီလိုတန်းတွင် ငွေတံဆိပ်တစ်ခုကိုလည်းကောင်း၊ ၅၃ကီလိုတန်းအမြန်မနှင့် စုစုပေါင်းစံချိန် (၁၆၃)ကီလိုတန်းတွင် ပြည့်ပြည့်ဖြိုးက ငွေတံဆိပ်နှစ်ခုကိုလည်းကောင်းရရှိခဲ့သည်။

စုစုပေါင်းဆုတံဆိပ်

အမျိုးသား (+ ၁၀၅)ကီလိုတန်းအထက် အမြန်မတွင် ရန်မျိုးကျော်က ငွေတံဆိပ်တစ်ခုနှင့် နှစ်ဆင့်မတွင် ကြေးတံဆိပ် တစ်ခု၊ စုစုပေါင်းစံချိန် (၂၉၁)ကီလိုတွင် ငွေတံဆိပ်တစ်ခုရရှိခဲ့ပြီး မြန်မာလူငယ်အလေးမအဖွဲ့သည် ပြိုင်ပွဲ၌ စုစုပေါင်း ရွှေတံဆိပ် ၃ခု၊ ငွေတံဆိပ် ၅ခု၊ကြေးတံဆိပ် ၁ခုဆွတ်ခူးနိုင်ခဲ့ကြသည်။

ဂုဏ်ပြကြိုဆို

အောင်ပွဲရမြန်မာလူငယ်အလးမအဖွဲ့သည် ထိုင်းနိုင်ငံမှ ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ အောက်တိုဘာ ၁၁ရက်နံနက် ၁၁နာရီခွဲက ပြန်လည်ရောက်ရှိလာရာ ရန်ကုန်တိုင်းဒေသကြီးအားကစားနှင့် ကာယပညာဦးစီးဌာ ညွှန်ကြားရေးမှူး ဦးအောင်မိုးနှင့် တာဝန်ရှိသူများ ၊အလေးမအဖွဲ့ချုပ်ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ၊ မိဘဆွေမျိုးများနှင့် မိတ်ဆွေများက ဂုဏ်ပြုကြိုဆိုခဲ့ကြသည်။

 



ဖတ်ရှုမှုအများဆုံး