မြန်မာဖူဆယ်အသင်း ပွဲဦးထွက်၌ တရုတ်ကလပ် Shen Zhenနှင့် သရေကျ

မြန်မာဖူဆယ်အသင်း ပွဲဦးထွက်၌ တရုတ်ကလပ် Shen Zhenနှင့် သရေကျ

တရုတ်နိုင်ငံက အိမ်ရှင်အဖြစ်ကျင်းပလျက်ရှိသည့် Jimo International Futsal Cup 2018 ပြိုင်ပွဲကို ဝင်ရောက်ယှဉ်ပြိုင်နေသည့် မြန်မာ့လက်ရွေးစင်အမျိုးသား ဖူဆယ်အသင်းသည် ပွဲဦးထွက်အဖြစ် အောက်တိုဘာ ၁၆ရက် နံနက် ၁၁နာရီခွဲက Shen Zhen အသင်းနှင့် ယှဉ်ပြိုင်ခဲ့ရာ တစ်ဂိုးစီသရေဖြင့် ပွဲပြီးဆုံးခဲ့သည်။

ဖိအားပေးကစားနိုင်

မြန်မာဖူဆယ်အသင်းသည် တရုတ်ကလပ် Shen Zhen အသင်းကို ပွဲစသည်နှင့်ဖိအားပေးကစားနိုင်ခဲ့ပြီး ပွဲချိန် ၂၃မိနစ်တွင် ပြည့်ဖြိုးမောင်ကန်သွင်းချက်ကို Shen Zhenနောက်ခံလူ ဖျက်ထုတ်ခဲ့ရာ ဂိုးဝင်ခဲ့၍ ဦးဆောင်ဂိုးရခဲ့သည်။ ထို့နောက် ချေပဂိုးရရန်အတွက် Shen Zhenအသင်းမှ ပြန်လည်တိုက်စစ်ဆင်လာခဲ့ပြီး ချေပဂိုးကို ပွဲချိန် ၃၈ မိနစ်တွင် ရရှိခဲ့သည်။ မြန်မာအသင်းသည် ဒုတိယပွဲအဖြစ် အောက်တိုဘာလ ၁၇ ရက်(ယနေ့) မြန်မာစံတော်ချိန် နံနက် ၁၁နာရီခွဲတွင် Qingdao Chen Xi အသင်းနှင့်လည်းကောင်း၊ အောက်တိုဘာလ ၁၈ ရက် မြန်မာစံတော်ချိန် နံနက် ၈နာရီခွဲ တွင် Qingdao Football Association Team နှင့်လည်းကောင်း ယှဉ်ပြိုင် ကစားမည် ဖြစ်သည်။

လေသင်းပတ်လည်စနစ်

အဆိုပါ ပြိုင်ပွဲကို အောက်တိုဘာလ ၁၆ ရက်မှ ၁၉ ရက်နေ့အထိ Qingdao မြို့ရှိ Zhonglain Lohas Part Sport Center တွင် ကျင်းပသွားမည် ဖြစ်ပြီး လေးသင်းပတ်လည် စနစ်အဖြစ် ယှဉ်ပြိုင်ကစားရမည် ဖြစ် သည်။ လေးသင်းပတ်လည်အဆင့်တွင် ပထမနှင့် ဒုတိယရရှိသော အသင်းများ ဗိုလ်လုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်ပြီး တတိယနှင့် စတုတ္ထရရှိသောအသင်းများ တတိယ နေရာလုပွဲ ယှဉ်ပြိုင်ရမည်ဖြစ်သည်။

ဗိုလ်လုပွဲနှင့် တတိယနေရာလုပွဲကို အောက်တိုဘာလ ၁၉ ရက်တွင် ကျင်းပမည် ဖြစ်ပြီး တတိယနေရာလုပွဲကို မြန်မာစံတော်ချိန် နံနက် ၈နာရီခွဲတွင်လည်းကောင်း၊ ဗိုလ်လုပွဲကို မြန်မာစံတော်ချိန် နံနက် ၁၁နာရီခွဲတွင် လည်းကောင်း ယှဉ်ပြိုင်ကြမည်ဖြစ်သည်။



ဖတ်ရှုမှုအများဆုံး