ရွှေတောင်နှင့် အမရပူရမြို့နယ်တို့တွင် ရှေးဟောင်းဘုရားဆင်းတု ကိုးဆယ်ကျော် တွေ့ရှိ

ရွှေတောင်နှင့် အမရပူရမြို့နယ်တို့တွင် ရှေးဟောင်းဘုရားဆင်းတု ကိုးဆယ်ကျော် တွေ့ရှိ

ရွှေတောင်နှင့် အမရပူရမြို့နယ်တို့တွင် ရှေးဟောင်းဘုရားဆင်းတုတော် ၉၃ဆူ ကို အောက်တိုဘာ ၁၅ ရက်က တွေ့ရှိခဲ့ပြီး သက်ဆိုင်ရာက ဆက်လက်ထိန်းသိမ်းထားသည်။ 

အဆိုပါနေ့မွန်းလွဲ ၁၂ နာရီခွဲခန့်တွင် ရွှေတောင်မြို့နယ်၊ ပေကုန်းကျေးရွာ ရှေးဟောင်းရဟန္တာ(၈၀) ဘုရားဝင်းအတွင်းရှိ စေတီများအား ဘုရားဂေါပကဥက္ကဌ ဦးမောင်ဝမ်းပါ နှစ်ဦးက သန့်ရှင်းရေးပြုလုပ်ခဲ့သည်။

ထိုသို့ပြုလုပ်စဉ် စေတီဟောင်းအတွင်းမှ ဌာပနာထားသည်ဟုယူဆရသော ဉာဏ်တော်အမြင့် လေးလက်မခန့်ရှိ ငွေဖြင့် သွန်းလုပ်ထားသော တင်ပျဉ်ခွေ ရုပ်ပွားတော် တစ်ဆူ၊ ဉာဏ်တော်အမြင့် နှစ်လက်မခန့်ရှိ ခဲဖြင့် သွန်းလုပ်ထားသော ရုပ်ပွားတော် ၄၂ ဆူ၊ ဉာဏ်တော်အမြင့် လေးလက်မခန့်ရှိ ခဲဖြင့်သွန်းလုပ်ထားသော ရုပ်ပွားတော် ၃၁ ဆူ၊ဉာဏ်တော်အမြင့် လေးလက်မခန့်ရှိ ခဲဖြင့် သွန်းလုပ်ထားသော ကျောင်းဆောင်တွဲလျက် ရုပ်ပွားတော် တစ်ဆူ၊ စုစုပေါင်းရုပ်ပွားတော် ၇၅ ဆူကို တွေ့ရှိခဲ့သည်။ 

အလားတူ အောက်တိုဘာ ၁၅ ရက် နံနက် ၁၁ နာရီခန့်တွင် အမရပူရမြို့နယ်၊ ဆင်စွယ်ပွတ် ရပ်ကွက်ရှိ တောင်မင်းကြီး ဘုရားဝင်းအတွင်း သစ်ပင်စိုက်ရန် ကျင်းတူးစဉ် အနက် တစ်ပေခွဲခန့်၌ ရှေးဟောင်းပစ္စည်းဟုယူဆရသော ဉာဏ်တော် နှစ်ပေခန့် ဆင်းတုတော် ၁၈ ဆူနှင့် ပြာသာဒ် အသေး တစ်ခု တို့ကို တွေ့ရှိခဲ့သည်။ထို့ကြောင့် ရှေးဟောင်းသုတေသနဌာန မြို့နယ်ဦးစီးမှူး ဒေါ်သင်းသင်းအေးက စစ်ဆေးပြီး ဆင်းတုတော်များကို တွေ့ရှိသည့် နေရာတွင်ဆက်လက်ထားရှိခဲ့သည်။

 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး