သီတင်းကျွတ်ရုံးပိတ်ရက်တွင် မုံရွာ-ဟုမ္မလင်း သင်္ဘောခရီးစဉ် ပြန်ပြေးဆွဲမည်

သီတင်းကျွတ်ရုံးပိတ်ရက်တွင် မုံရွာ-ဟုမ္မလင်း သင်္ဘောခရီးစဉ် ပြန်ပြေးဆွဲမည်

ခရီးသည်နှင့်ကုန်စည်များ ဘေးအန္တရာယ် ကင်းရှင်းစွာ သယ်ယူပို့ဆောင်နိုင်ရေးအတွက် မုံရွာ-ဟုမ္မလင်း ချင်းတွင်းရေကြောင်းသွား သင်္ဘောခရီးစဉ်ကို သီတင်းကျွတ်ရုံးပိတ်ရက်ကာလ အောက်တိုဘာ ၁၉ရက်တွင် မုံရွာမြို့မှ ပြန်လည်ပြေးဆွဲပေးမည်ဖြစ်ကြောင်း ပြည်တွင်းရေကြောင်း(ချင်းတွင်းဌာနခွဲ)က အတည်ပြုခဲ့သည်။

ချင်းတွင်းမြစ်ရေနည်းချိန်ကာလဖြစ်၍ ရပ်နားခဲ့သော မုံရွာ-ဟုမ္မလင်း ချင်းတွင်းရေကြောင်းသင်္ဘောခရီးစဉ်ကို ခရီးသည်များ၏ တောင်းဆိုချက်အရ သီတင်းကျွတ်ရုံးပိတ်ရက်ကာလတွင် ပြန်လည်ပြေးဆွဲပေးမည်ဖြစ်သည်။ ``လက်ရှိရေနည်းကာလမှာ ပြည်သူလူထုနဲ့ ကျောင်းသား ကျောင်းသူတွေတောင်းဆိုချက်အရ မြစ်ရေနည်းပါးပြီး သင်္ဘောသွားလာရေး အခက်အခဲမရှိတဲ့အချိန်အထိ ပြေးဆွဲပေးသွားမှာ ဖြစ်ပါတယ်။´´ဟု ပြည်တွင်းရေကြောင်း(ချင်းတွင်းဌာနခွဲ)လက်ထောက်ညွှန်ကြားရေးမှူးဦးလေးနိုင်က ပြောသည်။ 

မိုးရာသီ ချင်းတွင်းမြစ်ရေများချိန်ကာလတွင် ခရီးသည်နှင့်ကုန်စည်များ သယ်ယူပို့ ဆောင်ရေးလွယ်ကူစေရန်အတွက် ပြည်တွင်းရေကြောင်းပို့ဆောင်ရေးနှင့် ပုဂ္ဂလိက လုပ်ငန်းရှင်များအကျိုးတူပူးပေါင်း၍ ယခုနှစ် ဇူလိုင်လ ၂ရက်မှ စက်တင်ဘာလ တတိယပတ်အထိ မုံရွာ-ဟုမ္မလင်းခရီးစဉ်အား သင်္ဘောနှစ်စီးဖြင့် ပြေးဆွဲခဲ့သည်။ စက်တင်ဘာလကုန်ရက်ပိုင်းမှစတင်၍ သင်္ဘောတစ်စီးဖြင့်သာ ပြေးဆွဲခဲ့သည်။လက်ရှိအချိန်တွင် ချင်းတွင်းမြစ်ရေနည်းပါးလာသဖြင့် ဖောင်းပြင်မြို့နှင့် ဟုမ္မလင်းမြို့အကြား နေရာ၃နေရာတွင် သောင်တင်ခြင်းများ ဖြစ်ပေါ်နေ၍ သင်္ဘောခရီးစဉ်ကိုအောက်တိုဘာလ ၁၃ရက်က ရပ်နားခဲ့ရသည်။ 

ချမ်းငြိမ်းသင်္ဘောသည် ခရီးသည် ၄၀၅ဦး ကုန်တန်ချိန်၇၀ခန့် တင်ဆောင်နိုင်ပြီး ခရီးသည်တစ်ဦးလျှင် မုံရွာ-ဟုမ္မလင်း ခရီးစဉ်အတွက် ရိုးရိုးတန်း ၁၁၀ဝ၀ကျပ် ၊ အထူးတန်း ၂၂၀ဝ၀ကျပ် ၊ ကုန်တစ်တန်လျှင် ၂၅၀ဝ၀ကျပ်မှ ၃၀ဝ၀ဝကျပ်အထိ သတ်မှတ်တင်ဆောင်ပြေးဆွဲခဲ့သည်။
 



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး