မြိုင်ကြီးငူဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မြိုင်ကြီးငူ၌ရောက်ရှိ အောင်မင်္ဂလာကျောင်းဆောင် စံကျောင်းမှန်ခေါင်းအတွင်း အပူဇော်ခံထားရှိ

မြိုင်ကြီးငူဆရာတော်ကြီး၏ ရုပ်ကလာပ်တော် မြိုင်ကြီးငူ၌ရောက်ရှိ အောင်မင်္ဂလာကျောင်းဆောင် စံကျောင်းမှန်ခေါင်းအတွင်း အပူဇော်ခံထားရှိ

ကရင်ပြည်နယ်၏ ငြိမ်းချမ်းရေးဗိသုကာ မြိုင်ကြီးငူဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား မြဝတီမြို့မှတစ်ဆင့် မြိုင်ကြီးငူသို့ ယာဉ်တန်း ဖြင့် ဆက်လက်ပင့်ဆောင်လာရာ ညနေ ၆ နာရီ ၅ မိနစ်၌ ဘားအံမြို့နယ်ဘားအံ– လှိုင်းဘွဲသွားကားလမ်း လေယာဉ်ကွင်းရှေ့၌ ရောက်ရှိပြီး ပြည်သူများလာရောက်ဖူးမြော်နိုင် ရန်အတွက် ခေတ္တခဏအပူဇော်ခံထားရှိသည်။

ပြည်သူများဖူးမြော်ကြည်ညို

ယင်းသို့ ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား ခေတ္တအပူဇော်ခံထားရှိရာသို့ ကရင် ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်၊ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ ဦးစောချစ်ခင်၊ ဒုတိယဥက္ကဋ္ဌ ဒေါ်နန်းသူဇာဝင်း၊ နယ်/လုံ ဝန်ကြီး ဗိုလ်မှူးကြီး မျိုးမင်းနောင်၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စည်ပင်သာယာရေး ဝန်ကြီး ဦးသန်းနိုင်၊ ပြည်နယ်ဥပဒေချုပ် ဦးစောချစ် မြင့်လေး၊ ပြည်နယ်စာရင်းစစ်ချုပ် ဦးစောလှ ထွန်း၊ ပြည်နယ်အုပ်ချုပ်ရေးမှူး ဦးခင်မောင် ဆန်း၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီးအောင် မြတ်မိုး၊ ရဲအကူတပ်ဖွဲ့ခွဲမှူး ယာယီရဲမှူးကြီး တင်ဦး၊ ပြည်နယ်သာသနာရေးဦးစီးမှူး ဦးအောင်ကြည်နှင့် ပြည်နယ်အဆင့် ဌာနဆိုင် ရာများ၊ ဒေသခံပြည်သူများ ထောင်နှင့်ချီ၍ လာရောက်ဖူးမြော် ကြည်ညိုခဲ့ကြကြောင်း သိရသည်။

ယင်းနောက် ဆရာတော်ကြီး၏ ရုပ်ကလာပ် တော်အား ညနေ ၆ နာရီ ၁၅ မိနစ်တွင် ဆက်လက်ပင့်ဆောင်လာရာ ည ၇ နာရီ မိနစ် ၄၀ တွင် လှိုင်းဘွဲမြို့နယ် ရွှေဂွန်းကျေးရွာ သို့လည်းကောင်း၊ ည ၇ နာရီ မိနစ် ၅၀ တွင် ကမ်းနီးကျေးရွာသို့လည်းကောင်း ဖြတ်သန်း အပူဇော်ခံပြီး ည ၈ နာရီ ၁၅ မိနစ်တွင် မြိုင်ကြီးငူသို့ရောက်ရှိသည်။ ဆက်လက်၍ အေးလင်းသာယာကျောက်စာကွင်းနှင့် မြိုင်ကြီးငူ ဒေသတို့၌ လှည့်လည်အပူဇော်ခံပြီး ည၈ နာရီ မိနစ် ၅၀ တွင် ဆရာတော်ကြီး၏ ရုပ်ကလာပ်တော်အား မြိုင်ကြီးငူ အောင်မင်္ဂလာ နှစ်ထပ်ကျောင်းဆောင်ပေါ်သို့ ပင့်ဆောင်ကာ အအေးတိုက်စံကျောင်း မှန်ခေါင်းအတွင်း၌ အပူဇော်ခံထားရှိသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး