၂၀၁၉ ခုနှစ်တွင် အပူချိန်မြင့်မားမည်ဖြစ်၍ လိုအပ်သည့် စီမံမှုများ လုပ်ဆောင်ထားသင့်ကြောင်း ဒေါက်တာထွန်းလွင်ပြော

၂၀၁၉ ခုနှစ်တွင် အပူချိန်မြင့်မားမည်ဖြစ်၍ လိုအပ်သည့် စီမံမှုများ လုပ်ဆောင်ထားသင့်ကြောင်း ဒေါက်တာထွန်းလွင်ပြော

၂၀၁၉ ခုနှစ်တွင် အပူချိန်မြင့်မားမည်ဖြစ်၍ သတိထားနေထိုင်ရန်နှင့် အယ်လ်နီညို နှင့်ပတ်သက်ပြီး အပတ်စဉ်ထုတ်ပြန်ချက်အပေါ်မူတည်ကာ လိုအပ်သည့်စီမံမှုများကို လုပ်ဆောင်ထားသင့်ကြောင်း မိုးလေဝသပညာရှင်ဒေါက်တာထွန်းလွင်က ၎င်း၏လူမှုကွန်ရက်စာမျက်နှာမှတစ်ဆင့် ပြောကြားထားသည်။ 
 

အယ်လ်နီညိုရာသီဥတုသည် ယခင်က ၅ နှစ်မှ ၇ နှစ်အတွင်းသာဖြစ်ပေါ်တတ်ပြီး ယခုနောက် ပိုင်းတွင် အယ်လ်နီညိုဖြစ်စဉ်သည် စိတ်လာပြီး ၃ နှစ်လျှင်တစ်ကြိမ် ဖြစ်ပေါ်လာသည်ကိုလည်းတွေ့ရ၍ အယ်လ်နီညိုဖြစ်စဉ်ကြာချိန်သည် ၁၂ လမှ ၁၈ လအထိ ကြာမြင့်စွာ ဖြစ်ပေါ်တတ်ကြောင်း ၎င်းကပြောသည်။

''အယ်လ်နီညိုဖြစ်စဉ်ကို မှတ်တမ်းပြုစုထားတာ နှစ်ပေါင်း ၅၀ဝ ကျော်အတွင်းမှာ ၂၀၁၅ - ၂၀၁၆ ကအင်အားအပြင်းထန်ဆုံးအယ်လ်နီညိုဖြစ်ပါတယ် ။ နိုင်ငံပေါင်း ၂၈ နိုင်ငံလောက် ထိခိုက်မှုရှိတယ် ။ မြန်မာနိုင်ငံလဲပါတယ် ။ မြန်မာနိုင်ငံမှာတော့ အယ်လ်နီညိုကြောင့် အပူချိန်စံချိန်တင်အောင်တက်တယ် ။ လူတွေ သေဆုံးသူ လေဖြတ်သူတွေရှိခဲ့တယ် ။ ၂၀၁၆ မှာ အလွန်ပူတဲ့နွေရာသီဖြစ်လာတဲ့အတွက်ကြောင့် ရေရှားပါးတဲ့ အန္တရာယ်ဖြစ်လာခဲ့တယ် ။ သောက်သုံးရေတောင်မရှိတော့တာ '' ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ 

''အရင် နွေရာသီရောက်မှ မြန်မာနိုင်ငံအလယ်ပိုင်းလောက်မှာ ရေရှားမှု တွေ့ရမယ် ။ အခုဟာက မြန်မာနိုင်ငံအလယ်ပိုင်း ၊ မြစ်ဝကျွန်းပေါ် နဲ့ ရှမ်းပြည်နယ်အထိပါ လာနေပြီ။ ဆောင်းရာသီက စပြီးရေရှားပါးလာပြီ ။ အလွန်ပူပြင်းတာကြောင့် အလွယ်တကူမီးလောင်နေတာတွေအများကြီးတွေ့ရတယ် ။ ၂၀၁၆ ဆုံးရှုံးတဲ့တန်ဖိုးက သိန်းပေါင်း သိန်းချီတယ် ။ နိုင်ငံတော်မှာ ဖွံ့ဖြိုးတိုးတက်ရေးမှာ အများကြီးထိခိုက်တယ် ။ အယ်လ်နီညိုကြောင့် သီးနှံတွေအထွက်လျော့မယ် ။ စားနပ်ရိက္ခာဖူလုံမှုမှာ ပြဿနာတက်မယ် '' ဟု ဒေါက်တာထွန်းလွင်က ပြောသည်။ 

အယ်လ်နီညိုဖြစ်ပေါ်လာက ကူးစက်ရောဂါဖြစ်သည့် ဇီကာဗိုင်းရပ်စ်ပိုးကိုလည်း သတိထားရမည်ဖြစ်ကြောင်း၊ ယင်းဗိုင်းရပ်စ်ဖြစ်ပေါ်မှုသည် ၂၈ နိုင်ငံထဲတွင် မြန်မာနိုင်ငံပါဝင်နေကြောင်း ၊ ထိုဗိုင်းရပ်စ်အား နှိမ်နှင်းရန်အတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြိုးပမ်းနေသော်လည်း ဆေးကုသရန် ဆေးအလုံအလောက်မရရှိသေးသောကြောင့် သတိပြုနေထိုင်ရန်လည်း ၎င်းက ပြောသည်။ 

၂၀၁၉ မှ ၂၀၂၂ နှစ်အထိ လေးနှစ်အတွင်း ကမ္ဘာ့သမိုင်းတွင် အပူဆုံးနှစ်ဖြစ်မည်ဟုလည်း သိရသည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး