သစ္စာတံတားအောက် ငမိုးရိပ်ချောင်းအတွင်း အမျိုးသမီးအလောင်းတွေ့ရှိ

သစ္စာတံတားအောက် ငမိုးရိပ်ချောင်းအတွင်း အမျိုးသမီးအလောင်းတွေ့ရှိ

အောက်တိုဘာ ၁၇ ရက်နေ့ မွန်းလွဲ ၁၂ နာရီခွဲတွင် တောင်ဥက္ကလာပမြို့နယ် သစ္စာတံတားအောက် ငမိုးရိပ်ချောင်းအတွင်း အမျိုးသမီးအလောင်းတွေ့ရှိကြောင်း သတင်းအရ သက်ဆိုင်ရာက သွား ရောက်စစ်ဆေးခဲ့သည်။ 

သေဆုံးသူအမျိုးသမီးမှာ အသက် ၅၀ အရွယ်ခန့်ရှိပြီး အလောင်းကို ရွှေသန်လျင်နာရေးကူညီမှုအသင်းယာဉ်ဖြင့် စံပြဆေးရုံသို့ ပို့ဆောင်ခဲ့သည်။

တောင်ဥက္ကလာပမြို့မရဲစခန်းက သေဆုံးသူ မည်သူမည်ဝါဖြစ်ကြောင်းကို သေမှုသေခင်းဖွင့်၍ စစ်ဆေးလျက်ရှိသည်။