လေလုံပိတ်သီးနှံသိုလှောင်အိတ်များ တိုင်းနှင့်ပြည်နယ်ခုနစ်ခု၌ အခမဲ့ဖြန့်ဖြူးမည်

လေလုံပိတ်သီးနှံသိုလှောင်အိတ်များ တိုင်းနှင့်ပြည်နယ်ခုနစ်ခု၌ အခမဲ့ဖြန့်ဖြူးမည်

ကမ္ဘာ့ဘဏ်ချေးငွေအကူအညီဖြင့် အစိုးရမှ တင်ဒါခေါ်ယူ၍ တင်ဒါအောင်မြင်ခဲ့သည့် GRAINPRO ကုမ္ပဏီထုတ်လေလုံပိတ်သီးနှံ သိုလှောင်အိတ်များကို တိုင်းနှင့်ပြည်နယ်ခုနစ် ခုတွင် အခမဲ့ဖြန့်ဖြူးပေးမည်ဖြစ်ကြောင်း စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီး ဌာန စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဖြန့်ဝေသွားမည်

အဆိုပါ လေလုံပိတ်သီးနှံသိုလှောင်အိတ် များကို မကွေးတိုင်းဒေသကြီး၊ စစ်ကိုင်းတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ ရခိုင်ပြည် နယ်နှင့် ချင်းပြည်နယ်တို့မှ စိုက်ပျိုးရေးဦးစီးဌာန လက်အောက်ရှိ မျိုးစေ့ထုတ်ခြံစိုက်ကွင်းများနှင့် မျိုးစေ့ထုတ်အသင်းအဖွဲ့က တောင်သူများ ကို ဦးစားပေး၍ အခမဲ့ဖြန့်ဝေသွားမည်ဖြစ် ကြောင်း ယင်းဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာရဲတင့်ထွန်းက ပြောဆိုသည်။

အသိပညာပေးမည်

ယင်းကုမ္ပဏီထံမှ တစ်တင်းခွဲဝင်အိတ် ၄၅၄၇၀ နှင့် တစ်တန်အိတ် ၅၅၄၈ အိတ်တို့ကို ဝယ်ယူပြီး ယင်းတို့ကိုတိုင်းနှင့်ပြည်နယ် ခုနစ်ခု တွင် အခမဲ့ဖြန့်ဖြူးပေးမည်ဖြစ်ကာ လေလုံပိတ် အိတ်များ သက်တမ်းတာရှည်စွာ အသုံးပြုနိုင်ရန် ပြည်နယ်နှင့်တိုင်းခုနစ်ခုရှိ တိုးချဲ့ပညာပေးရန် ဝန်ထမ်းများနှင့်အရာရှိများကို ယင်းအိတ်နှင့် ပတ်သက်၍ သုံးစွဲပုံ၊ ဆောင်ရန်၊ ရှောင်ရန်၊ ကိုင်တွယ်ပုံများကိုသင်တန်းပေးမည်ဖြစ်ပြီး တောင်သူလယ်သမားများကိုလည်း အသိပညာ ပေးမည်ဖြစ်ကြောင်း ၎င်းက ဆက်လက်ပြောဆို သည်။



မြန်မာတစ်နိုင်ငံလုံးဆိုင်ရာ COVID-19 အချက်အလက်

ဖတ်ရှုမှုအများဆုံး