ခါရှော့ဂျီ၏အမှု စုံစမ်းရေးအရှိန်မြင့်လာချိန် ပွန်ပီယို တူရကီရောက်

ခါရှော့ဂျီ၏အမှု စုံစမ်းရေးအရှိန်မြင့်လာချိန် ပွန်ပီယို တူရကီရောက်

အန်ကာရာ ” အစိုးရလိုလားသော တူရကီ သတင်းစာ တစ်စောင်က ဆော်ဒီနိုင်ငံက စာရေးဆရာ ဝါရှင်တန်ပို့စ် ဆောင်းပါးရှင် ဂျမား ခါရှော့ဂျီသည် တူရကီနိုင်ငံ အစ္စတန် ဘူလ်မြို့ရှိ ဆော်ဒီ ကောင်စစ်ဝန်ရုံးထဲတွင် သတ်ဖြတ်ခံရ မှုကို ထိတ်လန့်ဖွယ် ပြန်လည်ဖော်ပြခဲ့သည်။ တစ်ချိန်တည်းမှာပင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မိုက် ပွန်ပီယိုသည်လည်း ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးရန် အောက်တိုဘာ ၁၇ ရက်တွင် တူရကီသို့ ရောက်လာခဲ့သည်။

တူရကီ နေ့စဉ်သတင်းစာ ့နညင ှေေ်ု က အောက်တို ဘာ ၁၇ ရက်က ဖော်ပြရာတွင် ခါရှော့ဂျီကို သတ်ဖြတ် ရာ၌ အသံဖမ်းယူထားမှုများကို ဖော်ပြခဲ့ပြီး ဆောင်းပါးရှင် မှာ ညှဉ်းပန်းနှိပ်စက်၍ စစ်ကြောခံရကြောင်း ဖော်ပြ နေသည်ဟု ဆိုသည်။

ယင်းသတင်းစာတွင် ဆော်ဒီ ကောင်စစ်ဝန်ချုပ် မိုဟာမက် အယ်လ် အိုတိုင်ဘီ၏အသံကို တိပ်ခွေမှ တစ်ဆင့်ကြားနေရာတွင် ခါရှော့ဂျီကို ညှဉ်းပန်းနှိပ်စက် နေသူများအား "မင်းတို့အပြင်မှာသွားလုပ်၊ မင်းတို့ လုပ်တာ ငါဒုက္ခရောက်တော့မယ်"ဟု ပြောကြားခဲ့သည်။ ဆော်ဒီ ညှဉ်းပန်းနှိပ်စက်သူများက "ဆော်ဒီအာရေဗျ ပြန်ရလို့ မင်းအသက်ရှင်ချင်ရင် ပါးစပ်ပိတ်ထား"ဟု ပြန်ပြောသံကို ကြားရသည်။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ မကြာသေးမီ ရက်များအတွင်း ဆော်ဒီအရာရှိများက အေပီသတင်းဌာန၏ မေးမြန်း ချက်ကို မည်သို့မျှ ပြန်လည်ဖြေကြားခြင်းမရှိပေ။ ဆော်ဒီ အာရေဗျ နိုင်ငံကလည်း ခါရှော့ဂျီ အသတ်ခံရမှုကို စောစောပိုင်းက ငြင်းဆိုခဲ့သည်။

တူရကီ ထောက်လှမ်းရေးကလည်း အစိုးရလိုလားသောမီဒီယာများကို အသုံးပြု၍ ခါရှော့ဂျီအမှုကို အသေးစိတ် ထုတ်ဖော်ပြီး ဆော်ဒီအာရေဗျနိုင်ငံကို ဖိအားပေးလျက် ရှိသည်။ အောက်တိုဘာ ၁၇ ရက် နံနက် ၉ နာရီ မိနစ် ၄၀ အေပီသတင်းအရ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မိုက်ပွန်ပီယိုသည် ဂျမား ခါရှော့ဂျီ ပျောက်ဆုံးပြီး အသတ်ခံရသည်ဆိုသော ကိစ္စကို အာဏာပိုင်များနှင့် ဆွေးနွေးရန် တူရကီနိုင်ငံသို့ ရောက်ရှိလာသည်ဟု ဆိုသည်။

ပွန်ပီယိုသည် ဆော်ဒီအာရေဗျနိုင်ငံတွင် အောက်တိုဘာ ၁၆ ရက်က ဘုရင် ဆယ်လ်မန်၊ သူ၏သားတော် အိမ်ရှေ့စံမင်းသား မိုဟာမက် ဘင်ဆယ်လ်မန်တို့နှင့် တွေ့ဆုံပြီးနောက် အောက်တိုဘာ ၁၇ ရက်တွင် အန်ကာရာမြို့တော်သို့ ရောက်ရှိခဲ့သည်။ 

ရီယာ့ဒ်မြို့မှ မထွက်ခွာမီ ပွန်ပီယိုက ပြောကြားရာ၌ ဆော်ဒီနိုင်ငံက ပွင့်လင်းမြင်သာသည့် စုံစမ်းစစ်ဆေးမှုတစ်ရပ်ကို ဆောင်ရွက်မည်ဖြစ်ကြောင်း ကတိပေးခဲ့သည်ဟုဆိုသည်။ ထို့ပြင် အမှားအယွင်းလုပ်သူ မည်သူ့ကိုမဆို တိတိကျကျသိရှိပါက အရေးယူမည်ဟု ကတိပေးခဲ့သည်ဟု ပွန်ပီယိုက ဆိုသည်။ 

စောစောပိုင်း သတင်းများအရ အစ္စတန်ဘူလ်မြို့ရှိ ဆော်ဒီကောင်စစ်ဝန်ရုံးကို တူရကီရဲတပ်ဖွဲ့က ရှာဖွေ ရာတွင် ခါရှော့ဂျီအသတ်ခံရကြောင်း အထောက်အထား အချို့ တွေ့ရှိခဲ့ရသည်ဟု တူရကီ အဆင့်မြင့်အရာရှိ တစ်ဦးက အောက်တိုဘာ ၁၆ ရက်တွင်ဆိုပြီး အကျယ်တဝင့်ပြောကြားခြင်းမပြုခဲ့ပေ။

တူရကီရဲများက ဆော်ဒီ ကောင်စစ်ဝန်ချုပ်၏ နေအိမ်ကို ဒုတိယအကြိမ် ဝင်ရောက်ရှာဖွေရန်နှင့် သံတမန်တို့၏ ယာဉ်အချို့ကိုပါ ရှာဖွေစစ်ဆေးရန် စီစဉ်ထားသည်ဟု တူရကီနိုင်ငံခြားရေးဝန်ကြီး နြလူကအ ဃလေကျသါူက က ပြောကြားခဲ့သည်။

ထောက်လှမ်းရေး ဗီဒီယိုများကရရှိသော ပုံများအရ သံဝန်ထမ်းများ၏ ကားများသည် ခါရှော့ဂျီ ကောင်စစ်ဝန် ရုံးအတွင်းသို့ ဝင်သွားပြီးနောက်ပိုင်း မကြာမီမှာပင် ကောင်စစ်ဝန်ချုပ်၏ နေအိမ်ဆီသို့ မောင်းနှင်သွားကြသည်ကို တွေ့ရှိခဲ့သည်။

တူရကီ ထောက်လှမ်းရေးကလည်း အစိုးရလိုလားသောမီဒီယာများကို အသုံးပြု၍ ခါရှော့ဂျီအမှုကို အသေးစိတ် ထုတ်ဖော်ပြီး ဆော်ဒီအာရေဗျနိုင်ငံကို ဖိအားပေးလျက်ရှိ ....
 

ဆော်ဒီအရာရှိများကမူ အဖွဲ့ဝင် ၁၅ ဦးပါဝင်သော ဆော်ဒီထောက်လှမ်းရေးအဖွဲ့က ခါရှော့ဂျီကို သတ်ဖြတ် ခဲ့သည်ဆိုသော တူရကီ၏စွပ်စွဲမှုမှာ အခြေအမြစ်မရှိ ကြောင်း ပြောကြားခဲ့သည်။ 

အမေရိကန် မီဒီယာများကမူ ဆော်ဒီနိုင်ငံသည် စာရေးဆရာ ခါရှော့ဂျီ ကောင်စစ်ဝန်ရုံး၌ စစ်ကြောမေးမြန်းစဉ် အသတ်ခံရသည်ဟုဆိုခြင်းကို အသိအမှတ်ပြုဖွယ်ရှိသည်ဟု ရေးသားကြသည်။

ဝါရှင်တန်ပို့စ် သတင်းစာထုတ်ဝေသူနှင့် အမှုဆောင် အရာရှိချုပ် ဖရက် ရိုင်ယန်က ပြောကြားရာတွင် ဆော်ဒီ အစိုးရသည် ခါရှော့ဂျီ မိသားစုနှင့် တစ်ကမ္ဘာလုံးသို့၎င်းဘာဖြစ်သည်ဆိုသည်ကို အစစအရာရာ ပြည့်ပြည့်ဝ၀ ရိုးသားစွာဖြင့် ရှင်းလင်းတင်ပြရန် လိုသည်ဟု ပြောကြားခဲ့သည်။ 

"ဆော်ဒီအစိုးရ ဆက်ပြီးတော့ နှုတ်ဆိတ်နေနိုင် တော့မှာမဟုတ်ပါဘူး။ ကျွန်တော်တို့အစိုးရနဲ့ တခြား လူတွေကလည်း အမှန်တရား ပေါ်ပေါက်ရေးအတွက် အခုထက်ပိုပြီး ပြင်းပြင်းထန်ထန် တွန်းအားပေးဖို့ လိုပါ တယ်"ဟု ရိုင်ယန်က ပြောကြားခဲ့သည်။အောက်တိုဘာ ၁၆ ရက် စောစောပိုင်းက ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲ မီရှဲလ် ဘက်ဆလက် က ပြောကြားရာတွင် "မစ္စတာ ခါရှော့ဂျီ ကောင်စစ်ဝန် ရုံးထဲဝင်သွားတဲ့ အထောက်အထားတွေက ရှင်းလင်း သိသာစွာ မြင်နေရတာပဲ။ ပြီးတော့ အဲဒီနောက်ပိုင်း သူ့ကို မတွေ့ရတော့ဘူး။ သူဘာဖြစ်လဲဆိုတာကို ဆော်ဒီ အာဏာပိုင်တွေက ရှင်းလင်းတင်ပြဖို့ တာဝန်ရှိတယ်"ဟု ဆိုသည်။