ပါကစ္စတန်တွင် သစ်ပင် ၁၀ ဘီလျံစိုက်ပျိုးမည့် အစီအစဉ်တစ်ရပ် စတင်

ပါကစ္စတန်တွင် သစ်ပင် ၁၀ ဘီလျံစိုက်ပျိုးမည့် အစီအစဉ်တစ်ရပ် စတင်

ဟာရီပါး  (ပါကစ္စတန်)  ” သစ်တောဌာန အရာရှိတစ်ဦးဖြစ်သူ မိုဟာမက်ရီရာဆတ်သည် ပတ်ဝန်းကျင်ရှိ ကြီးမားသည့် တောင်စွယ်တစ်လျှောက် ကြည့်လိုက်သည့်အခါ  အခြားသူများ မမြင်တွေ့နိုင်သည့် အံသြဖွယ်ရာလေးများကို မြင်တွေ့လိုက်ရသည်။ ကျောက်တုံးကျောက်ခဲများထူထပ်ကာ မတ်စောက်သော ချောက်ကမ်းပါးတွင် စိုက်ပျိုးထားသည့် ထင်းရှူးပျိုးပင်လေးများ၊ ယူကလစ်ပင်ငယ်လေးများ ဖြစ်သည်။

"အရွယ်ရောက်ပြီးသား သစ်ပင်တစ်ပင် အခုတ်ခံရတာကို ကျွန်တော်မြင်ရရင် ဆွေးမျိုးအရင်းတစ်ယောက်သေဆုံးသလိုမျိုး ခံစားရတယ်" ဟု ခီဘာပါထွန်ခါဝါပြည်နယ်  စိမ်းလန်းစိုပြည်သော တောင်ကုန်းများရှိ သစ်တောများကို ကာကွယ်ရန် အကန့်အသတ်ရန်ပုံငွေ၊ ဝန်ထမ်းအင်အားနှင့် နှစ်ပေါင်း ၃၀ ကြာ လုပ်ဆောင်နေသည့် ရီရာဆတ်က ပြောသည်။

လွန်ခဲ့သည့် နှစ်နှစ်က အဆိုပါ ကြိုးပမ်းအားထုတ်မှုသည် အကြီးအကျယ်အားပေးမှု ရရှိခဲ့သည်။ ထိုအချိန်က အဆိုပါပြည်နယ်ကို အုပ်ချုပ်သည့်ပါတီက နိုင်ငံရေးသမား တစ်ဦးဖြစ်သူ အင်မရန်ခန်းသည် ]ဘီလျံနှင့်ချီသည့် သစ်ပင်ဆူနာမီ}ဟု အမည်ပေးထားသည့် အစီအစဉ်တစ်ရပ်ကို စတင်ခဲ့သည်။ အဆိုပါအစီအစဉ်အရ နောက်ဆုံးတွင် ဒေသတစ်ဝန်း၌ သစ်ပင်ထောင်ပေါင်းများစွာ စိုက်ပျိုးခြင်း၊ သစ်ခိုးထုတ်ခြင်းကို ချေမှုန်းခြင်းနှင့် အိမ်နောက်ဖေးတွင် အပင်စိုက်ပျိုးသည့် အိမ်တွင်းလုပ်ငန်းတစ်ခု အောင်မြင်ထမြောက်လာသည်။

ယခုအခါ ခန်းသည် ပါကစ္စတန်၏ဝန်ကြီးချုပ်ဖြစ်ကာ ၎င်း၏အစိုးရသစ်သည် နိုင်ငံတစ်ဝန်း အောင်မြင်ခဲ့သည့် အဆိုပါအစီအစဉ်ကို ပုံတူကူးချရန် ယခုတစ်ကြိမ်တွင် ]၁၀ ဘီလျံနှင့်ချီသည့် သစ်ပင်ဆူနာမီ} စိုက်ပျိုးရန် ရည်ရွယ်ထားသည်။ 

စက်တင်ဘာလက စတင်ခဲ့သည် အဆိုပါ ဆောင်ရွက်မှုသည် ဆင်းရဲမွဲတေကာ မိုးခေါင်သည့်ကပ်ဘေးဆိုက်သည့်  ပါကစ္စတန်နိုင်ငံတွင်  သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်ကို အားပေးလိမ့်မည်ဟု တာဝန်ရှိသူများက ပြောသည်။

သို့သော် ဆယ်စုနှစ်များစွာ ဖြစ်ပေါ်ခဲ့သည့် သစ်တောပြုန်းတီးမှုကို ပြောင်းပြန်လှန်ပစ်ရန် ပါကစ္စတန်နိုင်ငံသည် ထင်းရှူး၊ သစ်ကတိုးနှင့် ယူကလစ်ပင်များ တစ်ဘီလျံကျော်လိုအပ်မည်ဟု ကျွမ်းကျင်သူများက ပြောသည်။ အများပြည်သူပိုင် သစ်တောများကို လူသားများက ခေါင်းပုံဖြတ်ခြင်းအား ကာကွယ်ရန်ပိုမိုခက်ခဲကြောင်း ၎င်းတို့က ဂရုပြုမိသည်။ ခေါင်းပုံဖြတ်သူများ ထဲတွင် သစ်ခိုးထုတ်သူများ၊ ကျွဲနွားတိရစ္ဆာန်များ အစာရှာရန် လွတ်လွတ်လပ်လပ် လွှတ်ထားသည့် ရွာသားများ၊ သစ်တောဖုံးလွှမ်းနေသည့် မြေဧကပေါင်း များစွာကိုဖြိုလှဲပစ်သည့် အဆောက်အအုံ ဆောက်လုပ်သူများ ပါဝင်သည်။

သစ်ပင်စိုက်ပျိုးရေး နှိုးဆော်ချက်ကြောင့် သဘာဝပတ်ဝန်းကျင် ထိခိုက်စေသည့် အစဉ်အလာ အလေ့အထများလည်း စတင်ပြောင်းလဲလာသည်ဟု သစ်ပင်စိုက်ပျိုးရေးလှုပ်ရှားသူများက ပြောသည်။ 

တောင်တန်းထူထပ်သောဒေသတစ်ခုတွင် နေထိုင်သူအချို့က ဆောင်းရာသီတွင် တောင်ပေါ်ရှိနေအိမ်တွင်မီးလှုံရန် သစ်ပင်များကို ခုတ်လှဲမည့်အစား မြို့ကို အခြားနေရာသို့ ပြောင်းရွှေ့နေရာချထားရန် စီစဉ်နေသည်ဟုဆိုသည်။ 

ခီဘာပါထွန်ခါ-ဝါနှင့် မြို့တော် အစ္စလမ္မာဘတ်ကိုဆက်သွယ်ထားသည့် ကားလမ်းတစ်လျှောက် စက်တင်ဘာလက ကားဖြင့်သွားစဉ်အတွင်း နှစ်နှစ်သားအရွယ် ထင်းရှူးပင်များ၊ ယူကလစ်ပင် ဧကပေါင်းများစွာနှင့် အမြစ်တွယ်နေသည့် ထင်ရှူးပင်ပေါက်လေးများကို ကာကွယ်စောင့်ရှောက်ထားသည့် သစ်တောဧရိယာများစွာကို ရီရာဆတ်က လက်ဖြင့်ညွှန်ပြခဲ့သည်။ 

လမ်းတစ်လျှောက် မိုင်အနည်ငယ်ခြားတိုင်း ]ဘီလျံနှင့်ချီသည့် သစ်ပင်ဆူနာမီ} ဆိုသည့် အစိမ်းရောင် ဆိုင်းဘုတ်များကို စိုက်ထူထားကာ ဧကမည်မျှ စိုက်ပျိုးပြီးစီးကြောင်းကိုလည်း စာရင်းပြုလုပ်ထားသည်။ 

"အခုလို သစ်ပင်စိုက်တဲ့လှုပ်ရှားမှု မစခင်တုန်းက အိမ်ဆောက်ချင်တဲ့ လူတွေ၊ တိရစ္ဆာန်တွေကို စားကျက်လွှတ်ထားသူတွေက သစ်တောထဲကို ဝင်သွားလိုက်ရုံပဲ။ အခုတော့ ဒီလိုလုပ်တာတွေ ရပ်သွားပါပြီ" လို့ ရီရာဆတ်ကပြောသည်။ ယခင်က သစ်ခိုးထုတ်သူအချို့ပင်လျှင် သစ်ပင်များကို စိုက်ပျိုးခြင်းနှင့်ရောင်းချခြင်း စတင်ပြုလုပ်နေပြီဟု ပြောသည်။ 

ပါကစ္စတန်နိုင်ငံတစ်ဝန်းတွင် သစ်ပင်များ ဘီလျံနှင့်ချီကာ စိုက်ပျိုးခြင်းနှင့် ကာကွယ်စောင့်ရှောက်ခြင်းကို ဈေးသက်သက်သာသာနှင့် လျင်လျင်မြန်မြန်ဖြစ်လာမည်ကို တွေးပင်မတွေးမိကြောင်း အာဆလမ်ဆိုသူက ပြောသည်။ 

ဟာရီပူးသို့သွားသည့် လမ်းတစ်လျှောက်တွင် နေထိုင်သူများကလည်း အဆိုပါ လှုပ်ရှားမှုကို ထောက်ခံပုံရသည်။ အချို့က သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းမှုနှင့် ခရီးသွားလာမှုကြား စီးပွားရေးအရ ဆက်နွှယ်မှုရှိသည်ကို သတိပြုမိသည်။ 

အချို့က ခန်း၏ ပြည်နယ်ဆိုင်ရာ အစီအစဉ်သည် မကြာခင် အမျိုးသားရွေးကောက်ပွဲတွင် ၎င်း၏ပါတီကို ထောက်ခံအားပေးရန် ၎င်းတို့ကို စေ့ဆော်တွန်းအားပေးနေသည်ဟု ပြောသည်။ 

"ဒီမှာရှိတဲ့ သဘာဝပတ်ဝန်းကျင် အလှအပအားလုံးဟာ သစ်တောတွေကြောင့်ဖြစ်တာမို့ သစ်တောတွေကို ထိခိုက်စေမယ့်လုပ်ရပ်မှန်သမျှ ဘယ်သူ့ကိုမှ ခွင့်မပြုသင့်ဘူး" ဟု ပါဆိုဟာဝါမြို့ရှိ အငြိမ်းစား ကျောင်းဆရာ မိုဟာမက်ကာရွမ်းက ပြောကြားသည်။ 

"တာဝန်ရှိသူတွေက သစ်တောတွေကို စစ်ဆေးကြည့်ရှုဖို့ မလာတာ နှစ်ပေါင်းအတော်ကြာနေပြီ။ သူတို့က သစ်ပင်တွေခုတ်လှဲဖို့ သဘောတူညီချက်တွေ လုပ်ခဲ့တယ်။ ဒါပေမဲ့ လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာတော့ ဒါတွေ အားလုံးပြောင်းလဲသွားပါပြီ" ဟု ၎င်းက ဆက်လက် ၎င်းက ဆက်လက် ပြောကြားသည်။