ကမ္ဘာ့ ရေနံတင်သင်္ဘောများကို ထရမ့်က လမ်းကြောင်းပြောင်း

ကမ္ဘာ့ ရေနံတင်သင်္ဘောများကို ထရမ့်က လမ်းကြောင်းပြောင်း

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ကမ္ဘာလုံးဆိုင်ရာ ရေနံစီးဆင်းမှု လမ်းကြောင်းကို ပြောင်းလဲလျက်ရှိသည်။ အာဖရိက အနောက်ပိုင်းနှင့် လက်တင်အမေရိက ရေနံထုတ်လုပ်သူများက ရေနံစိမ်းများကို သုံးစွဲသည့်ပမာဏအမြဲတိုးတက်နေသည့် တရုတ်နိုင်ငံသို့ တင်ပို့လျက်ရှိသည်။ အာရှနိုင်ငံများသည်၎င်းတို့၏ အိမ်နီးချင်းနိုင်ငံများကို ဦးစားပေးသဖြင့် ယင်းဒေသတွင် အမေရိကန်၏ ရေနံ တင်ပို့မှုနှုန်း ထိုးကျခဲ့သည်။  

အဆိုပါရေနံအရောင်းအဝယ် ရွှေ့ပြောင်းစီးဆင်းမှုနှင့်  ဆက်နွှယ်နေသောအရာမှာ ထရမ့်၏ နိုင်ငံခြားရေးမူဝါဒဖြစ်သည်။ တရုတ်နိုင်ငံက အမေရိကန် ရေနံစိမ်းဝယ်ယူမှုကိုထိုးချနေပြီး အခြားဒေသများမှ ဝယ်ယူနေခြင်းက တရုတ်နှင့် အမေရိကန်တို့ ကုန်သွယ်ရေးစစ်ဖြစ်ပွားနေချိန်နှင့် တိုက်ဆိုင်လျက်ရှိသည်။ အလားတူ နိုဝင်ဘာ ၄ ရက်တွင် စတင်မည့် အီရန်နိုင်ငံကို ပြန်လည်ချမှတ်သည့် ပိတ်ဆို့အရေးယူမှုများက ပါရှား ပင်လယ်ကွေ့ နိုင်ငံဖြစ်သော အီရန်နိုင်ငံက ရောင်းချသည့် ရေနံစိမ်းအမျိုးအစား လိုအပ်ချက် ပိုမိုတိုးတက်လာစေခဲ့သည်။ 

"အီရန်နိုင်ငံကို အမေရိကန်က ပိတ်ဆို့အရေးယူမှု အကျိုးသက်ရောက်မှုနဲ့ အမေရိကန်”တရုတ် ကုန်သွယ်ရေးစစ်ပွဲကို ပေါင်းစပ်ကြည့်ပါက ရေနံစီးဆင်းမှုကို ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒက ပြန်ပြီး ပုံစံဖော်နေတာကို တွေ့မြင်ရမယ်" ဟု ပက်ထရို မက်ထရစ် ဂျီအမ်ဘီအိပ်ချ် အတိုင်ပင်ခံ မန်နေးဂျင်း ဒါရိုက်တာ အိုလီဗာ ယာကော့ဗ်က ဆိုသည်။ "အမေရိကန်နိုင်ငံက စွမ်းအင် အင်အားကြီး နိုင်ငံတစ်နိုင်ငံဖြစ်လာခဲ့ပြီး ဒီအချက်ကို အသုံးချလို့ စွမ်းအင်လောကမှာ ရေနံရောင်းဝယ်ရေးစီးဆင်းမှု ပြောင်းလဲနေတာကို တွေ့မြင်နိုင်ပါတယ်" ဟု ၎င်းက ပြောသည်။ 

ရေနံစိမ်းတင်ပို့မှု ကန့်သတ်ချက်များကို ၂၀၁၅ ခုနှစ်တွင် အမေရိကန်က ဖယ်ရှားခဲ့မှုနှင့် ယှေလကျောက်မှ ရေနံထုတ်လုပ်ရေးက ဖြည့်ဆည်းပေးသော အမေရိကန်ထုတ် ရေနံထုတ်လုပ်မှုစံချိန်ပမာဏဖြင့် ရေနံဈေးကွက်များ ကမောက်ကမ မဖြစ်ရေး ကြိုးပမ်းနေကြရသည်။ လွန်ခဲ့သောနှစ်များက တစ်နေ့လျှင် ရေနံစိမ်းစည် ထောင်ပေါင်းများစွာ တင်ပို့မှု ရှိခဲ့ပြီး ယခုအခါတွင် တစ်လလျှင် ရေနံစိမ်း တင်ပို့မှုစည်နှစ်သန်းခန့် ပျမ်းမျှရှိကြောင်းသိရသည်။ 

ကမ္ဘာ့ စွမ်းအင်အများဆုံးသုံးစွဲသော နိုင်ငံဖြစ်သည့် တရုတ်နိုင်ငံက ၂၀၁၆  ခုနှစ် စက်တင်ဘာနောက်ပိုင်း ၂၀၁၈ ခုနှစ် သြဂုတ်လတွင် ပထမဆုံးအကြိမ်အဖြစ် အမေရိကန် ရေနံစိမ်းကို တင်သွင်းခဲ့ခြင်းမရှိကြောင်း အမေရိကန်စာရင်းဗျူရိုမှ လတ်တလော အချက်အလက်များအရ သိရသည်။ 

တောင်ကိုရီးယားနိုင်ငံသို့ ပို့ဆောင်မှုနှုန်း သြဂုတ်လတွင် ရေနံစည် ၂၆၇,ဝ၀ဝ ခန့်ရှိခဲ့ပြီး တစ်နှစ်ထက်တစ်နှစ် ၃၁၃ ရာခိုင်နှုန်းမြင့်တက်လာကြောင်း ဘလွန်းဘာ့ဂ် တွက်ချက်မှုများအရသိရသည်။ ဂျပန်နိုင်ငံနှင့် အိန္ဒိယနိုင်ငံသို့ တင်ပို့မှုပမာဏ ၁၉၈ ရာခိုင်နှုန်းနှင့် ၁၆၅ ရာခိုင်နှုန်းရှိခဲ့သည်။ ၂၀၁၈ ခုနှစ်တွင် ဗြိတိန်နိုင်ငံ၊ အီတလီနှင့် နယ်သာလန်နိုင်ငံတို့မှ ပို့ကုန်တင်ပို့မှု မြင့်တက်ခဲ့သည်။ 

တရုတ်ကလည်း အခြားနိုင်ငံများမှ ရေနံဝယ်ယူခဲ့ရာ စက်တင်ဘာလတွင် တရုတ်သို့ ကိုလံဘီယာက ရေနံစိမ်းတင်ပို့မှု မြင့်တက်ခဲ့ပြီး ဘရာဇီးလ်၏တင်ပို့မှုမှာ ၂၀၁၈ ခုနှစ်တွင် ယင်းနိုင်ငံ၏ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့သည်။