လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန်၌ ကိုယ်ဝန် ၂၈ ပတ်အရွယ် ချက်ကြိုးတန်းလန်းဖြင့် ကလေးငယ်အလောင်းတွေ့ရှိမှု အောက်တိုဘာ ၁၇ ရက်က ဖြစ်ပွားခဲ့သည်။
အဆိုပါနေ့ မွန်းလွဲ ၃ နာရီခွဲအချိန်ခန့်တွင် လှိုင်သာယာမြို့နယ် ရွှေလင်ဗန်းစက်မှုဇုန် ရှိ အထည်ချုပ်စက်ရုံ ၏ အိမ်သာအနီး၌ မွေးကင်းစကလေးအလောင်းစွန့်ပစ်မှုဖြစ်ပွားကြောင်း သတင်းအရ ဒုရဲမှူးမြင့်လွင်နှင့်အဖွဲ့က သွားရောက်စစ်ဆေးခဲ့သည်။
စစ်ဆေးချက်အရ စက်ရုံအိမ်သာအနီးတွင် ချက်ကြိုးတန်းလန်းဖြင့် ကိုယ်ဝန် ၂၈ ပတ်အရွယ် မွေးကင်းစမိန်းကလေးငယ်၏ အလောင်းကို တွေ့ရှိခဲ့ပြီး စက်ရုံသန့်ရှင်းရေးဝန်ထမ်း ဦးဇော်မင်းက စက်ရုံအမှိုက်များလာရောက်စွန့်ပစ်စဉ် အဆိုပါ ကလေးအလောင်းကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်းသိရသည်။
အလောင်းကို လှိုင်သာယာဆေးရုံသို့ပို့အပ်ရာ ပီအာရ် ဝ၁ဖြင့်လက်ခံထားပြီး လှိုင်သာယာမြို့မရဲစခန်းက (ပ) ၃၉၃၅ /၁၈ ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၁၈ အရ အမှုဖွင့် စစ်ဆေးလျက် ရှိသည်။
















