မိုင်းလုံ-မိုးကုတ်သွားကားလမ်း၌ ရပ်ထားသည့် ယာဉ်ပေါ်မှ ဘိန်းဖြူနှင့် စိတ်ကြွဆေး သိန်း ၈၀ဝ၀ ကျော်ဖိုး ခန့် သိမ်းဆည်းရမိ

မိုင်းလုံ-မိုးကုတ်သွားကားလမ်း၌ ရပ်ထားသည့် ယာဉ်ပေါ်မှ ဘိန်းဖြူနှင့် စိတ်ကြွဆေး သိန်း ၈၀ဝ၀ ကျော်ဖိုး ခန့် သိမ်းဆည်းရမိ

မိုင်းလုံ-မိုးကုတ်သွားကားလမ်း မိုးကုတ်-လယ်ကြီးရွာအဝင်၌ မသင်္ကာဖွယ်ရပ်တန့်ထားသည့် ယာဉ်ကို သက်ဆိုင်ရာက စစ်ဆေးရာ စိတ်ကြွဆေးပြားများနှင့် ဘိန်းဖြူ ကျပ်သိန်း ၈၀ဝ၀ ကျော်ဖိုး အောက်တိုဘာ ၁၇ ရက်က သိမ်းဆည်းရမိခဲ့သည်။

အဆိုပါနေ့ နံနက် ၃ နာရီ ၁၀ မိနစ်အချိန်တွင် မိုင်းလုံ-မိုးကုတ်သွားကားလမ်း၊ မိုးကုတ်-လယ်ကြီးရွာအဝင်တွင် မသင်္ကာဖွယ်မော်တော်ယဉ် ၁ စီးရပ်တန့် ထားကြောင်းသတင်း အရ မိနစ် အချိန်ခန့်တွင်  မူးယစ် တပ်ဖွဲ့စု (၁၆)ပြင်ဦးလွင်မှ တပ်ဖွဲ့ဝင်များနှင့် လယ်ကြီးတံတားရဲကင်းစခန်းမှ တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့ စစ်ဆေးခဲ့သည်။

အဆိုပါ ယာဉ်အနီးတွင် တစ်ဦးတစ်ယောက်မျှမရှိသဖြင့် ရှာဖွေစစ်ဆေးခဲ့ရာ ယာဉ်ပေါ်တွင် သိုဝှက်သိမ်းဆည်းထားသည့် စိတ်ကြွရူးသွပ်ဆေးပြား ၃ဝဝ,ဝဝဝ ပြား သိန်း ၆ဝဝဝ နှင့် ဘိန်းဖြူ ၂ဝ၁၂ ဒသမ ၅ ဂရမ်၊ ကျပ် ငွေ ၂ဝ၁,၂၅ဝ,ဝဝဝ စုစုပေါင်းကျပ် ၈ဝ၁,၂၅ဝ,ဝဝဝ ဖိုးတို့ ကို တွေ့ရှိသိမ်းဆည်း ရမိခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့သည်။

မိုးကုတ်မြို့မရဲစခန်းက  ပစ္စည်းများသိမ်းဆည်းထားကာ တိမ်းရှောင်သူများနှင့် ကွက်ဆက်တရားခံများအား ဖမ်းဆီးရမိရေးအတွက် ဆက်လက်စုံစမ်းလျက်ရှိသည်။