ရပ်စောက်-နေပြည်တော်၊ အစုန်ရထားပေါ်တွင်လိုက်ပါသူထံမှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

ရပ်စောက်-နေပြည်တော်၊ အစုန်ရထားပေါ်တွင်လိုက်ပါသူထံမှ စိတ်ကြွဆေးပြားများ သိမ်းဆည်းရမိ

သာစည်မြို့နယ်တွင် ရပ်စောက်-နေပြည်တော်၊ အစုန်ရထားပေါ်တွင်လိုက်ပါသူ ခရီးသည် ၂ ဦးထံမှ စိတ်ကြွဆေးများ အောက်တိုဘာ ၁၆ ရက်တွင် သိမ်းဆည်းရမိခဲ့သည်။

အဆိုပါနေ့ ညနေ ၅ နာရီခွဲအချိန်ခန့်တွင် သာစည်မြို့နယ်၊ ယင်းမာပင်ဘူတာ၌ ရပ်ထားသော အမှတ်(၁၄၂/ ၁၀) ရပ်စောက်-နေပြည်တော်၊ အစုန်ရထားပေါ်တွင် မူးယစ်ဆေးဝါးများ သယ်ဆောင်လာကြောင်း သတင်းအရ ယင်းမာပင်နယ်မြေရဲစခန်းမှ တပ်ဖွဲ့ဝင်များ ပါဝင်သည့် ပူးပေါင်းအဖွဲ့က စစ်ဆေးခဲ့သည်။

အဆိုပါရထားတွဲ၏ အထက်တန်းတွဲ(၁)၊ ခုံအမှတ်(B-6) ထိုင်ခုံပေါ်တွင် လိုက်ပါလာသူ နေပြည်တော် ဒက္ခိဏသီရိမြို့နယ် အောင်ကျော်မိုး ၂၉ နှစ် နှင့် မတ်တပ်ရပ်၍စီးနင်းလိုက်ပါလာသော ကလောမြို့နယ်နေ မောင်တူး ၂၂ နှစ်တို့ကို ရှာဖွေခဲ့သည်။

ထိုသို့ရှာဖွေစဉ် အောင်ကျော်မိုးဝတ်ဆင်ထားသော ဂျင်းအနွေးထည် အင်္ကျီဝဲဘက်အိတ်ကတ်အတွင်း ပလတ်စတစ်အကြည်ရောင်ဖြင့်ထုပ်လျက် WY စာတန်းပါပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၇၅ ပြား၊ ၎င်းထိုင်သောခုံအပေါ်ရှိ ပစ္စည်းများတင်သည့်တန်းပေါ်မှ ပြောက်ကျားလွယ်အိတ်အတွင်း အဝါရောင် တိပ်ဖြင့်ပတ်လျက်ဆေးခြောက်ဟုယူဆရသည့် အရိုး/ အစေး/ အရွက်ခြောက်များပါရှိ သောအလေးချိန် ၁.၄ ကီလိုဂရမ် ခန့်ပါ၁ ထုပ်၊ ပလပ်စတစ်အိတ်အတွင်း ဂျင်းတက်များဖြင့်ဖုံးအုပ်၍ အဝါရောင် တိပ်ဖြင့် ပတ်လျက်ဆေးခြောက်ဟုယူဆရသောအရိုး/ အစေး/ အရွက်ခြောက်များ ပါရှိသည့်အလေး ချိန် ၁ ဒသမ၃ ကီလို ဂရမ်ခန့်ပါ ၁ ထုပ်ကို တွေ့ရှိသိမ်းဆည်းခဲ့သောကြောင့် အရေးယူပေးရန်တိုင်ကြားခဲ့ရာ ယင်းမာပင်မြို့နယ်မြေရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာဥပဒေပုဒ်မ ဖြင့် အမှုဖွင့်အရေးယူထားသည်။